ရှေ့သို့
Image

ဆားဘီးယား အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆိုးဝါးတဲ့ ခြေထောက်ကျိုး ဒဏ်ရာ ရရှိခဲ့တဲ့ ဟန်နက်စ် ၀ုဖ်

2:15 PM, 18 June

လိုက်ပ်ဇစ်အသင်းရဲ့ကစားသမား အသစ် ဟန်နက်စ် ၀ုဖ်ဟာ ဆားဘီးယား အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဆိုးဝါးတဲ့ ခြေထောက်ရိုးကျိုးဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ တိုက်စစ် ကစားသမားဟာ တိုက်စစ်ပိုင်းမှာ ကစားနေရင်း အခုလိုမျိုး ဆိုးဝါးတဲ့ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကာ မကြာသေးခင်ကမှ ဆဲလ်ဘတ် အသင်းကနေ လိုက်ပ်ဇစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရရှိခဲ့တဲ့ ဒဏ်ရာသတင်းဟာ လိုက်ပ်ဇစ်အသင်း အတွက်တော့ သတင်းဆိုးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

တိုက်စစ် ကစားသမားလေး ၀ုဖ်ဟာ နောက်ခံလူ ဂျိုဗန်နိုဗစ်ရဲ့ဖြတ်ထုတ်မှုကြောင့် အခုလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ ဆွီဒင် ဒိုင်လူကြီး အန်ဒရီရက်စ် အက်ဘက်ဂ်ျကတော့ နောက်ခံလူ ဂျိုဗန်နိုဗစ်ကို VAR အကူအညီ ရယူပြီး ဖြတ်ထုတ်မှုဟာ ပြင်းထန်တယ်လို့ ယူဆခဲ့တာကြောင့် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

ထို့အပြင် တိုက်စစ်မှူး ၀ုဖ်ဟာ ၂၀၁၇ ခုနှစ်မှာ ဆဲလ်ဘတ် အသင်းနဲ့အတူ ယူအီးအက်ဖ် လူငယ်လိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပြီး အဆိုပါ အချိန်ကာလ ကတည်းက လိုက်ပ်ဇစ်အသင်း နည်းပြ ရမ်နစ်ကို ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

“ဟန်နက်စ်ဟာ တကယ်ကို အလားအလာရှိတဲ့ လူငယ်တစ်ဦးပါ။ အသင်းကြီး တော်တော်များများကလည်း ခေါ်ယူလိုနေတဲ့ ကစားသမားတစ်ဦး ဆိုလည်း မမှားပါဘူး။ ပြီးတော့ သူဟာ တိုက်စစ်ပိုင်းမှာ သာမက လိုအပ်ရင် နောက်တန်းအထိပါ ဆင်းကူနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ကျွန်တော်တို့ အသင်းကို ပြောင်းလာတဲ့အတွက် ဂုဏ်ယူမိပါတယ်”လို့ လိုက်ပ်ဇစ်နည်းပြ ရမ်နစ်က ပြောကြားခဲ့ပါတယ်။

သြစတြီးယား အသင်းအတွက် သွင်းဂိုးတွေကိုတော့ ခြေရိုးကျိုး ဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ၀ုဖ်က တစ်ဂိုး ၊ ဆာချာ ဟော်ဗက်က တစ်ဂိုး သွင်းယူခဲ့ပါတယ်။

၁ ယောက်လျော့ ဆားဘီးယား အသင်းကတော့ တိုက်စစ်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ် လူကာဂျိုဗစ် ဦးဆောင်ခဲ့ပေမယ့် သွင်းဂိုး သွင်းယူနိုင်ခြင်း မရှိပဲ ပွဲအပြီးမှာတော့ ၂-၀ ဂိုး ရှုံးနိမ့်ခဲ့ပါတယ်။

#ဆာဘီးယား #ဟန်နက်စ်ဝုဖ်