ရှေ့သို့
Image

စာချုပ်သစ်ထဲမှာ အေဂျက် နည်းပြအဖြစ် အကြို သဘောတူညီခဲ့တဲ့ တာဒစ်

11:48 AM, 9 July

အေဂျက်တိုက်စစ်မှူး တာဒစ်ကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီး အဆိုပါ စာချုပ်ထဲမှာတော့ ကစားသမားဘ၀ကနေ အနားယူပါက ဒတ်ခ်ျအသင်း နည်းပြအဖြစ် ဆက်လုပ်ဖို့ သဘောတူညီချက်ပါ ပါဝင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဆားဘီးယားသားကတော့ လွန်ခဲ့တဲ့ ၁ နှစ်က ဆောက်သမ်တန် အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ အသင်းနဲ့တူ ဆုဖလား ၂ လုံး ရရှိမှုမှာလည်း အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။

တိုက်စစ် ကစားသမား တာဒစ်ဟာ အေဂျက် အသင်းနဲ့အတူ သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဆားဘီးယားသားကတော့ အေဂျက်အသင်းမှာ ၂၀၂၃ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ကာ အသင်းနဲ့အတူ နည်းပြအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့လည်း ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ရာသီကတော့ တကယ်ကောင်းတဲ့ ရာသီတစ်ခုပါ။ ကျွန်တော်အခု ဒီမှာပျော်နေပါတယ်။ ပြီးတော့ ကလပ်အသင်း ပရိသတ်တွေနဲ့ကော အသင်းတာဝန်ရှိသူတွေနဲ့ပါ ဆက်ဆံရေးကောင်းတွေ ရှိပါတယ်”လို့ တာဒစ်က ပြောပါတယ်။

“အခုတော့ ကလပ်အသင်းမှာ အချိန်အကြာကြီး ဆက်ရှိနေတော့မှာပါ။ ကစားသမားဘ၀ ကုန်ဆုံးရင်လည်း နည်းပြအဖြစ် အသင်းမှာ ဆက်ရှိမှာပါ။ အဲ့ထက်ကောင်းတဲ့ အခွင့်အရေး တစ်ရပ် မရှိတော့ပါဘူး။ ကလပ်အသင်းက အခုလို အခွင့်အရေးမျိုး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ တာဒစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အေဂျက်အသင်းကတော့ ကွင်းလယ် ကစားသမား ဒီဂျောင်ကို ဘာစီလိုနာအသင်းထံ ရောင်းချခဲ့သလို အခု နောက်ခံ ကစားသမားလေး ဒီလစ်ဂ်ျကိုလည်း ဂျူဗင်တပ်စ်အသင်းထံ ရောင်းချဖွယ် ရှိနေပါတယ်။

အသက် ၁၉ နှစ်အရွယ် နောက်ခံ ကစားသမားလေးကတော့ ဂျူဗင်တပ်စ်အသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့ပြီး ဖြစ်ကာ အေဂျက်အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့သာ ကျန်ရှိနေပါတယ်။

#ဆာဘီးယား #တာဒစ်