ရှေ့သို့
Image

ဆားဘီးယားတိုက်စစ်မှူးလေးကို ခေါ်ယူခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်

11:31 AM, 12 July

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ အသက် ၂၁ အရွယ် ဆားဘီးယား တိုက်စစ် ကစားသမားလေး အိုင်ဗန် ဆာပွန်နစ်ကို ခေါ်ယူပြီး  ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။၂ သင်းကြား ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခဲ့ခြင်း မရှိပဲ သတင်းတွေကတော့ အနည်းဆုံး ယူရို ၈ သန်း ၀န်းကျင် ပေးချေခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းမှာ မိုရာတာ ၊ ဖီလစ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး အခုလည်း နောက်ထပ် တိုက်စစ်ကစားသမား တစ်ဦးကို ထပ်မံ အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ တိုက်စစ် ကစားသမားလေးဟာ ၂၀၁၆ ခုနှစ်က ပါတီဇန် ဘဲလ်ဂရိတ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကာ အငှားထွက် ကစားရင်းနဲ့သာ အချိန် ကုန်ခဲ့ရပါတယ်။
ထို့အပြင် တိုက်စစ် ကစားသမားလေး အိုင်ဗန် ဆာပွန်နစ်ဟာ ပါတီဇန် အသင်းအတွက် ပွဲပေါင်း ၄၂ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကို ဆားဘီးယား ဖလား ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အိုင်ဗန်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ယခင် တိုက်စစ်မှူးဟောင်းတွေ ဖြစ်တဲ့ ဒီယေဂို ကော်စတာ ၊ ဂရစ်ဇ်မန်း ၊ အဂူရိုတို့ ခြေရာကို နင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဘာစီလိုနာ အသင်းနဲ့ ၁၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

#ဆာဘီးယား #အိုင်ဗန်ဆာပွန်နစ်