ရှေ့သို့
Image

ရော်နယ်ဒိုကို ဆာဘီးယားနဲ့ ပွဲစဉ်အပြီးမှာ ကလေးတွေနဲ့အတူ လာရောက်တွေ့ဆုံခဲ့တဲ့ မာတစ်

10:34 AM, 9 September

မန်ယူကွင်းလယ်လူ နီမန်ဂျာ မာတစ်နဲ့ ပေါ်တူဂီစတား ရော်နယ်ဒိုတို့ဟာ ဆာဘီးယားကို ၄ -၂ ဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီးမှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ဝီလီယံကာဗယ်ဟို၊ ဂွီဒက်စ်၊ ရော်နယ်ဒို၊ ဘာနန်ဒိုဆေးလ်ဗားတို့ရဲ့ ဂိုးတွေနဲ့အတူ ပေါ်တူဂီအသင်းက ဂိုးပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာတော့ ပေါ်တူဂီအသင်းဟာ အုပ်စု(B)မှာ ၈မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါ ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ၈၉ ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး မာတစ်ရဲ့ ကလေး၂ယောက်က သူတို့လေးစားရတဲ့ တိုက်စစ်မှူးကို ပွဲအပြီးမှာ တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ယမန်နှစ်ကလည်း မာတစ်ရဲ့သား ဖီလစ်ဟာ ရော်နယ်ဒိုထံကနေ ဗီဒီယိုမက်ဆေ့တစ်ခုကို ရရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ဒီထက်ပိုမိုသာလွန်တဲ့ အခွင့်အရေးတစ်ခုကို ရရှိခဲ့ပါတယ်။

ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကတော့ အဆိုပါ ပွဲစဉ်မှာ နိုင်ပွဲတစ်ခု ဖန်တီးနိုင်ခဲ့တဲ့ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။

“ဆားဘီးယားက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ တိုက်စစ်ဖွင့်ပြီး ကစားလာမယ်လို့ ကျွန်တော်ထင်ခဲ့ပေမယ့် သူတို့ ခံစစ်ပိတ်ကစားသွားခဲ့ပါတယ်။ ဒီပွဲက ရှုပ်ထွေးပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့လည်း ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ချိန်လုံး သူတို့ကို အသာစီး ရယူနိုင်ခဲ့ပြီး အဲ့ီးအတွက် ကျွန်တော် အသင်းကို ဂုဏ်ပြုပါတယ်”လို့ ဆန်းတို့စ်က ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆာဘီးယား