ရှေ့သို့
Image

အသင်းဖော် မန်ဒီကိုလူမျိုးရေးခွဲခြားခဲ့တာကြောင့် ၆ ပွဲပယ်ခံရတော့မယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ ဘာနန်ဒိုဆေးလ်ဗား

6:08 PM, 2 October

မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနန်ဒိုဆေးလ်ဗားဟာ အသင်းဖော် မန်ဒီကို တွစ်တာမှာ လူမျိုးရေးခွဲခြားခဲ့တာကြောင့် အက်ဖ်အေရဲ့  E3 စည်းမျည်းနဲ့ ညှိစွန်းခဲ့ပြီး ၆ ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။


အက်ဖ်အေကတော့ ဆေးလ်ဗားတစ်ယောက် လူမှုမီဒီယာပေါ်မှာ အသင်းဖော် မန်ဒီကို စပိန်ချောကလက်ကာတွန်းပုံစံနဲ့ တင်ခဲ့တာကြောင့် လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စည်းမျည်းနဲ့ လာရောက်ညှိစွန်းခဲ့တာပါ။


အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကတော့ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး “အောက်တိုဘာလ ၂၂ ရက်နေ့ကတင်ခဲ့တဲ့ ဘာနန်ဒိုရဲ့ပို့စ်ဟာ  အက်ဖ်အေက ထုတ်ပြန်ထားတဲ့  စည်းမျည်း  E3 နဲ့ညှိစွန်းနေတယ်”လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


အက်ဖ်အေကတော့ လူသားတစ်ယောက်ရဲ့ ဘာသာရေး ၊ လူမျိုးရေး ၊ အသားအရောင်စတဲ့အရာတွေကို မခွဲခြားဖို့အတွက် စည်းမျည်းတွေထုတ်ပြန်ထားပါတယ်။


ပေါ်တူဂီသားကတော့ အဆိုပါဖြစ်ရပ်အတွက် တာဝန်ရှိသူတွေထံ အောက်တိုဘာ ၉ ရက်နေ့မတိုင်ခင်အကြောင်းပြန်ရမှာဖြစ်ကာ  ၆ ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။


ဆေးလ်ဗားဟာ အဆိုပါပို့စ်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ၀က်ဖို့ဒ်အသင်းကို ၈ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် တင်ခဲ့တာဖြစ်ပါတယ်။


အဲ့နောက်မှာတော့ သူဟာ အဆိုပါပို့စ်ကို ပြန်ဖျက်သွားခဲ့ပြီး ဒုတိယမြောက်ပို့စ်မှာ “သူငယ်ချင်းအချင်းချင်းစနောက်လို့တောင်မရဘူးလား”လို့ တင်ခဲ့ပါတယ်။


မန်ဒီနဲ့ ဘာနန်ဒိုတို့ဟာ မိုနာကိုအသင်းမှာ အတူတွဲကစားခဲ့တာဖြစ်ကာ လက်ရှိအချိန်မှာလည်း မန်စီးတီးအသင်းမှာ အတူတကွကစားနေတာဖြစ်ပါတယ်။


အက်ဖ်အေတာဝန်ရှိသူတွေကတော့ မန်စီးတီးကွင်းလယ်ကစားသမားထံအမြန်ဆုံးဖြေရှင်းချက်ပေးဖို့အတွက်တောင်းဆိုထားပါတယ်။

#မန်စီးတီး #ဘာနာဒို