ရှေ့သို့
Image

အာဆင်နယ် ၀-၂ မန်စီးတီး(ပွဲပြီးသုံးသပ်ချက်) ၊ စူပါဆန်းဒေး ညမှာ သွင်းဂိုးမြူး၊ ပေးဂိုးမဲ့ခဲ့တဲ့ မန်စီးတီး

9:39 AM, 13 August

စတာလင် (၁၄’)

ဘာနာဒို ဆေးလ်ဗား (၆၄’)

 

စတာလင် နှင့် ဘာနာဒို ဆေးလ်ဗားတို့ဟာ အာဆင်နယ်အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ အမ်းမရိတ် ကွင်းပွဲစဉ်တွင် ဂိုးတွေ ကိုယ်စီသွင်းယူခဲ့ကြသဖြင့် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ခုခံကာ ကွယ်မှုကို ပိုမိုအင်အားဖြစ်စေခဲ့ပါတယ်။

 

တိုက်စစ်မှူး စတာလင်ဟာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ် အထိ တတ်လှမ်းသွားတဲ့ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ၆ ပွဲ အထိ ကစားခဲ့ပြီး ယခင် တနင်္လာနေ့တွင် မန်စီးအသင်း လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

စတာလင်ဟာ သူ့အပေါ် နည်းပြ ပက်ဂွါဒီယိုလာရဲ့ယုံကြည်ပေးမှုကို ပွဲကစားချိန် ၁၄ မိနစ်တွင် အဖွင့် ဂိုး သွင်းယူပေးခြင်းဖြင့် ကျေးဇူးဆပ်ခဲ့ပြီး မန်စီးတီးအသင်းဟာ စတာလင်းရဲ့အဖွင့်ဂိုးဖြင့် ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။

 

နည်းပြ အမ်မရီ လက်အောက်တွင် ခေတ်သစ်တစ်ခု စတင်ရန် ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ဟာ မြင်မကောင်း၊ ရူမကောင်းဖြစ်ခဲ့ရပြီး ဒုတိယပိုင်း ပြန်လည်စတင်လို့ ၆၄ မိနစ်တွင် ဘာနန်ဒို ဆေးလ်ဗားရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရပြန်ပါတယ်။

 

ဂိုးသမားသစ် လီနိုထက် ပွဲထွက်ပထမစာရင်းတွင် ဦးစားပေးခံရတဲ့ ဂိုးသမား ပီတာချက်ဟာ ပွဲကစား ချိန် ၉ မိနစ်တွင် မန်စီးတီးအသင်းမှ တိုက်စစ်မှူး စတာလင်းက နောက်ခံလူ မူစတာဖီကိုလှည့်ထွက်ပြီး အပိုင်ကန်ခဲ့တာကို ကာကွယ်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ၀ါရင့်ဂိုးသမား ပီတာချက်ဟာ တိုက်စစ်မှူး စတာလင်ရဲ့ပွဲကစားချိန် ၁၄ မိနစ်က ဘယ် ခြမ်းမှ တစ်ကိုယ်တော် ဆွဲယူလာပြီး ညာဂိုးတိုင်ဘက်ခြမ်း အဖြောင့်ကန်သွင်းမှုကိုတော့ ကာကွယ်နိုင် ခဲ့ခြင်းမရှိတော့တာဖြစ်ပါတယ်။

 

ပြိုင်ဘက်စီးတီး ဂိုးသမား အီဒါဆင်ဟာ ဂန်းနားနောက်ခံလူ ဘယ်လာရင်ထံမှ ပျံဝဲလာတဲ့အပြင်းကန်ချက်ကို ကာကွယ်ခြင်းဖြင့် သူ့ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပြီးတဲ့နောက်

တိုက်စစ်မှူး အဂူရိုရဲ့တန်ပြန် တိုက်စစ်ဆင်မှုဖြင့် အာဆင်နယ် နောက်ခံကစားသမားတွေကို ပြန်ပြီး အလုပ်ရှုပ်စေခဲ့ပါတယ်။

 

ဂိုးသမားပီတာချက်ဟာ မန်စီးတီးအသင်းကို အသစ်ရောက်လာတဲ့ မာရက်စ်ရဲ့အလွတ်တည် ကန်ဘောက တဆင့် လာပေါ်တီရဲ့ အဆုံးသတ်မှုကို ကာကွယ်ခဲ့ပေမဲ့လည်း ကွင်းလယ်လူ

ဘာနန်ဒို ဆေးလ်ဗားရဲ့ဒုတိယပိုင်း သွင်းဂိုးကိုတော့ တာဝန်မယူနိုင်ခဲ့တော့တာဖြစ်ပါတယ်။

 

နည်းပြ ဂွါဒီယိုလာဟာ ကွင်းလယ်လူ ဒီဘရိုင်းကို ထည့်သွင်းကစားခြင်းဖြင့် အာဆင်နယ်အသင်းကိုဒုတိယပိုင်း စတင်လို့ သိပ်မကြာခင်ကတည်းက ဖိအားပေးခဲ့ပြီး ဘယ်လ်ဂျီယံသား

ဒီဘရိုင်းဟာ စီးတီး အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုး ရယူပေးရန် ကြိုးစားခဲ့ပေမယ့်လည်း ဂိုးသမားချက်က ကာကွယ်သွားခဲ့ပါတယ်။

 

တိုက်စစ်မှူး အဂွဲရိုဟာ အာဆင်နယ်အသင်းမှ လူသစ်ဂွါဒိုဇီ အမှားကြောင့် ရရှိခဲ့တဲ့အပိုင်လုံးကိုအနီးကပ်ကန်သွင်းခဲ့ရာတွင် ဂိုးသမား ပီတာချက် ကာကွယ်ခဲ့ပေမယ့်လည်း ဂိုးသမား

ပီတာချက်ဟာ မန်ဒီ နှင့် ဆေးလ်ဗားတို့ရဲ့ တွဲဖက်ကစားမှုကနေ ဘယ်ဂိုးတိုင်ထောင့်နားကို ကန်သွင်းခဲ့တဲ့ ဆေးလ်ဗားရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

 

မန်စီးတီးအသင်းဟာ ပထမပိုင်းမှာတွင်သာမက ဒုတိယပိုင်းတွင်လည်း ဘောလုံးထိန်းချုပ်မှု ပိုမိုများနေ ခဲ့ပြီး ပရီးမီးယားလိဂ်အတွက် အဖိုးတန်တဲ့ ရမှတ် ၃ မှတ်၊ အဝေးဂိုး ၂ ဂိုး နှင့် ပေးဂိုးမရှိ ရလဒ်တို့ကို စောစောစီးစီး အသင်းကြီးနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တွင် ရယူသွားခဲ့တာဖြစ်ပါတယ်။

 

ရှေ့ရက်သတ္တပတ် ကစားမဲ့ အာဆင်နယ် နှင့် မန်စီးတီးတို့ ပွဲစဉ်။

=================================

ချဲလ်ဆီး - အာဆင်နယ်

မန်စီးတီး - ဟက်ဒါးဖီးလ်

#မန်စီးတီး #ဘာနာဒို #အယ်ဒီတာအကြိုက်