ရှေ့သို့
Image

ချဲလ်ဆီးက စိတ်ဝင်စားနေပေမယ့် မန်စီးတီးက ထွက်ခွာမယ် ဆိုတဲ့သတင်းတွေကို လာပေါ်တီ ငြင်းဆန်

11:26 AM, 11 July

မန်စီးတီး နောက်ခံလူ လာပေါ်တီက ချဲလ်ဆီးအသင်းခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စီးတီးကနေ ထွက်ခွာဖို့ကို ငြင်းဆန်လိုက်ပါတယ်။ သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ နောက်တန်း နေရာအတွက် စီးတီးစတားကို ချဉ်းကပ်ခဲ့တာဖြစ်ပေမယ့် ငြင်းဆန်ခဲ့ပြီး လာမယ့်ရက် အနည်းငယ်လောက်မှာ စတာလင် နဲ့ အကီတို့ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။


လာပေါ်တီဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက စီးတီးကနေထွက်ခွာဖို့ သတင်းကြီးခဲ့တာဖြစ်ပေမယ့် အခုချိန်မှာတော့ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ “လိဂ်ဖလား ၄ လုံးရရှိခဲ့ပါတယ်။ ဒါပေမယ့် အားလုံးဆို ၁၁ လုံးပါ။ ပရီးမီးယားလိဂ်တင် မဟုတ်ပါဘူး။ အဲ့တာက ကျွန်တော့်အတွက်ကော အသင်းအတွက်ပါ ကောင်းပါတယ်။ ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့တာက တကယ်ကောင်းပါတယ်။


ဒဏ်ရာ ပြဿနာ ရှိခဲ့ပေမယ့် ဒီရာသီနဲ့ ပတ်သက်ပြီး ကျွန်တော် ပျော်ပါတယ်။ ကျွန်တော် အသင်းမှာ ဆက်ရှိနေမှာပါ။ ချန်ပီယံလိဂ်ကိုလည်း ဒီနှစ်မှာ ဆက်ယူချင်ပါတယ်။ အခုတော့ လီဂူးဝမ်းကို မပြန်သေးပါဘူး။ အဲ့တာက ပစ်မှတ်မဟုတ်သလို စီးတီးနဲ့လည်း ၃ နှစ်စာချုပ်ကျန်နေပါသေးတယ်။ အသင်းမှာ ကျွန်တော်ပျော်နေပါတယ်။ ကျွန်တော် ကစားခွင့်အများကြီးရခဲ့ပါတယ်။ ကျွန်တော်က ဗဟိုခံစစ်မှူးတစ်ဦးအဖြစ် ကစားခဲ့ရပါတယ်။ ဒီမှာပျော်နေပြီး ကျွန်တော် နှစ်တွေအကြာကြီး ဒီမှာရှိချင်ပါတယ်”လို့ လာပေါ်တီက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #လာပေါ်တီ