ရှေ့သို့
Image

ယူနိုက်တက်နဲ့ လိဒ်ပစ်မှတ် အစ္စမေးလ်ဆားကို ပေါင် ၂၅ သန်းဈေးသတ်မှတ်လိုက်တဲ့ ဝက်ဖို့ဒ်

2:21 PM, 10 August

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမေးလ်ဆားကို ပြန်လည်စိတ်ဝင်စားလာခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကလပ်ဟာ ဆီနီဂေါ လက်ရွေးစင်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် အဆုံးသတ်မှာတော့ ခေါ်ယူခဲ့ခြင်း မရှိပါဘူး။

တနင်္လာနေ့ညနေက ဝက်စ်ဘရွန်းနဲ့ပွဲမှာ အမိုက်စားဂိုး တစ်ဂိုး သွင်းယူခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်ရဲ့အသင်းဟာ ကစားသမားကို တစ်ဖန်ပြန်လည် စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ၁-၁ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာတော့ ကိုက် ၆၀ အကွာကနေ အမိုက်စားဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ လွဲချော်ခဲ့ပါတယ်။

၂၄ နှစ်အရွယ် တောင်ပံကစားသမားကို ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့က စိတ်ဝင်စားနေတာဖြစ်ပြီး ဝက်ဖို့ဒ်က ပေါင် ၂၅ သန်း တန်ကြေးသတ်မှတ်ထားပါတယ်။ အခုလိုပရီးမီးယားကလပ် နှစ်သင်းရဲ့ စိတ်ဝင်စားမှုကြောင့် ဆားအနေနဲ့ ဝက်ဖို့ဒ်နဲ့အတူ တန်းဆင်းပြီး လပိုင်းအကြာမှာတင် ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖွယ် ရှိပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တိုက်စစ်ပစ်မှတ်အဖြစ် ဘိုလော့ဂ်နာက အာကိုအာနော်တိုဗစ်ကိုခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပရိသတ်တွေက လူမျိုးရေးခွဲခြားသူအဖြစ် သတ်မှတ်ခံထားရသူ သြစတြီးယားသားကို မခေါ်ယူဖို့ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

၂၄ နှစ်သား ဆားကတော့ ဝက်ဖို့ဒ်နဲ့ ၂၀၂၄ နွေရာသီကျမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဝက်ဖို့ဒ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုး ပေးချေဖို့လိုပါတယ်။ ဒါပေမယ့် ဒီပြောင်းရွှေ့ကြေးမျိုးနဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ပြီးခဲ့တဲ့နှစ်က ရောင်းထုတ်ခဲ့ဖူးတာကြောင့် ယူနိုက်တက်အတွက်တော့ များပြားတဲ့ပြောင်းရွှေ့ကြေးတစ်ခု မဟုတ်ပါဘူး။ ဒီရာသီမှာတော့ ဆားဟာ ဝက်ဖို့ဒ်အတွက် ၂ ပွဲကစားပြီး ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီကတော့ အသင်းအတွက် ၂၂ ပွဲကစားခဲ့ပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ဒါက အရမ်းကောင်းတဲ့ မှတ်တမ်းတစ်ခုတော့ မဟုတ်ပေမယ့် အစ္စမေလာဆားက အသင်းရဲ့ လူစာရင်းထဲမှာ ရှိနေရင် တောင်ပံနဲ့တိုက်စစ်အတွက်တော့ အားကိုးလို့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။ ယူနိုက်တက်ကလည်း အပြောင်းအရွှေ့ စဖွင့်ကတည်းက ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် တိုင်ရယ်မာလာစီယာ၊ ခရစ္စတီယန်အဲရစ်ဆင်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုသာ တရားဝင်ခေါ်ယူထားနိုင်ပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #အစ္စမေးလ်ဆား