ရှေ့သို့
Image

ဝက်ဖို့ဒ်အသင်းရဲ့ တောင်ပံကစားသမားဟာ အစ္စမေးလ်ဆားရဲ့ ကစားပုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ ယူနိုက်တက် တာဝန်ရှိသူ ဖလက်ချာ

10:22 AM, 11 August

ယူနိုက်တက်ရဲ့ နည်းစနစ်ဒါရိုက်တာ ဖလက်ချာဟာ တနင်္လာနေ့ညတုန်းက ဝက်ဖို့ဒ်အသင်းက ဆာရဲ့ ခြေစွမ်းသွားကို ကြည့်ရှုရန် ဟော်သွန်သို့ ရောက်လာခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါတောင်ပံကစားသမားဟာ ပွဲကစားချိန် ၁၀ မိနစ်မှာ ပြိုင်ဘက်ဂိုးမသား ဒေးဗစ်ဘက်တွန် ရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်ကနေ ကန်သွင်းကာ ဂိုး ရယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးဟာ သူအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်ပြီး ယူနိုက်တက်ကတော့ နွေရာသီမှာ အသက် ၂၄နှစ် ကစားသမားကို ခေါ်ယူနိုင်ရေး ကြိုးစားနေပြီဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ အသင်းရဲ့နည်းစနစ်ဒါရိုက်တာမဖြစ်လာမီ အိုးထရက်ဖို့ဒ်မှာ ၁၃ ရာသီကြာ ကစားခဲ့တဲ့ ဖလက်ချာဟာ တောင်ပံကစားအပေါ် အကဲဖြတ်ဖို့အတွက် အနောက်မစ်လန်းသို့ လာရောက်ခဲ့တာဖြစ်ပါတယ်။ ဒီနွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှု မပြီးဆုံးသေးပါဘူးလို့ ယူနိုက်တက်က ပြောဆိုထားတာဖြစ်ပြီး အပြောင်းအရွေ့မပိတ်မီ ခေါ်ယူရန်ရွေးချယ်ထားတဲ့ ကစားသမားတွေထဲက တစ်ဦးကို အပြီးသတ်ခေါ်ယူသွားမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်သို့ ပြောင်းရွေ့ဖို့အလားအလာအတွက် ဆာက ဘာမှမလုပ်ခဲ့သော်လည်း တနင်္ဂလာနေ့ ပွဲစဉ်က သူ့ရဲ့သွင်းဂိုးက ခေါ်ယူမယ့်အသင်းတွေကို အချက်ပေးလိုက်သလိုဖြစ်နေပါတယ်။ အဆိုပါပွဲစဉ်မှာ ဆီနီဂေါ လက်ရွေးစင်ကစားသမားဟာ ဘောလုံးကို ရယူခဲ့ပြီး ပြိုင်ဘက်ဂိုးသမာ ဘက်တွန်က ပင်နယ်တီဧရိယာရဲ့ ရှေ့သို့ရောက်ရှိနေတာကြောင့် ကွင်းလယ်ကနေပဲ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်အထိ မစဉ်းစားနေတော့ဘဲ သူ့ရဲ့ကန်သွင်းချက်ကြောင့် ဂိုးပေါက်ထဲသို့ ဘောလုံးဝင်သွားတာကို ဂိုးသမားက မတုန့်ပြန်နိုင်ဘဲ ကြည့်နေခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်ရန် သေချာအောင် လုပ်ဆောင်နေတာကြောင့် ဝက်ဖို့ဒ်ကတော့ ဒီနွေရာသီမှာ အသင်းရဲ့ စတားကစားသမားကို မရောင်းချလိုနေတာဖြစ်ပါတယ်။ ဒီနှစ်အသင်းရဲ့ အဓိက အစီစဉ်ထဲမှာ ဆာက ပါဝင်နေတာဖြစ်ပြီး ၂၀၂၀-၂၁ ရာသီတုန်းက ၁၃ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၉ခုနှစ်မှာ ရန်းနက်စ်ကနေ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၉၄ ပွဲမှာ ဆာဟာ ၂၅ ဂိုးအထိ သွင်းယူခဲ့နိုင်ခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းက AFCON ဆုဖလားရရှိခဲ့တဲ့ ဆီနီဂေါလက်ရွေးစင်အသင်းမှာလည်း ဆာက ပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အပြောင်းအရွေ့စာရင်းထဲမှာ ရှိနေတာကဆာ တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ကလပ်ဟာ ဂျူဗင်တပ်စ်က ရားဘီအော့နှင့် ဘိုလော့နာက အနာတိုဗစ်တို့ကို ခေါ်ယူရန် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ရားဘီးအော့ကို ခေါ်ယူဖို့က အပြီးနိုင်မယ့်ပုံရှိနေသော်လည်း အနာတိုဗစ်ကိုခေါ်ယူဖို့ကတော့ အီတလီကလပ်ရဲ့ ကစားသမားအပေါ်တန်ကြေးသတ်မှတ်ထားမှုကြောင့် အဆုံးသတ်သွားနိုင်နေပါတယ်။ ကလပ်ရဲ့ တိုက်စစ်မှုးနေရာ အတွက် အပူတပြင်းရှာဖွေနေမှုကြောင် ပီအက်စ်ဗွီရဲ့ တောင်ပံကစားသမား ကိုဒီဂတ်ပိုကိုလည်း စိတ်ဝင်စားနေပါတယ်လို့ သတင်းတွေထွက်လာတာဖြစ်ပါတယ်။ ကစားသမားကတော့ သူ့ရဲ့အနာဂတ်အတွက် မဆုံးဖြတ်မီ ပီအက်စ်ဗွီ အသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ ဝင်ခွင့်ရရှိမလားဆိုတာကို စောင့်ကြည့်နေမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝက်ဖို့ဒ် #အစ္စမေးလ်ဆား #ဖလက်ချာ