ရှေ့သို့
Image

ဆေးစစ်ဖို့ပါစီစဉ်ထားပေမယ့် အစ္စမေးလ်ဆားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု မရသေးတဲ့ ဗီလာ

10:36 AM, 22 August

အက်စ်တွန်ဗီလာအသင်းဟာ ဝက်ဖို့ဒ်တောင်ပံကစားသမား အစ္စမေးလ်ဆားကို ခေါ်ယူဖို့ ပေါင် ၂၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခြင်း မရှိသေးပါဘူး။ မနေ့ညကထိ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေရပြီး ၂၄ နှစ်အရွယ် ဆီနီဂေါတိုက်စစ်ကစားသမားကို ဆေးစစ်ဖို့အတွက် အချိန်သတ်မှတ်ထားပြီးပြီ ဖြစ်ပါတယ်။

ဆားနဲ့ နည်းပြစတီဗီဂျရတ်တို့ စနေနေ့ညနေပိုင်းက စကားပြောခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူဖို့ လိုအပ်နေသေးတာကြောင့် ဗီလာအနေနဲ့ အပြောင်းအရွှေ့ကိစ္စ ပျက်ပြယ်မှာကို စိုးရိမ်လာတယ်လို့ သိရပါတယ်။ ဆားကို ခရစ္စတယ်ပဲလေ့စ်ကလည်း စိတ်ဝင်စားနေပြီး စနေနေ့ည ပရက်စတန်နဲ့ပွဲကို နယူးကာဆယ်ကို ပေါင်သန်း ၃၀ နဲ့ရောက်ဖို့နီးစပ်နေတဲ့ ဂျာအိုပီဒရိုနဲ့အတူ ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ပိတ်ရက်မှာ အက်စတွန်ဗီလာက ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပေမယ့် နည်းပြဂျရတ်က ဗီလာပါ့ခ်မှာ ကစားသမားသစ်တွေကို အနှေးနဲ့အမြန် ခေါ်ယူလိုနေပဲဖြစ်ပါတယ်။ ဆားက ဝက်ဖို့ဒ်ကို ရန်းနက်စ်ကနေ ၂၀၁၉ တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းအတွက် ၉၅ ပွဲမှာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဝက်ဖို့ဒ်ဟာ မနှစ်ကပဲပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။ ဝက်ဖို့ဒ်နည်းပြ ရော့ဘ်အက်ဒ်ဝါ့ဒ်ကတော့ ပရက်စ်တန်နဲ့ ဝ-၀ သရေပွဲစဉ်မှာ ဆားဝင်မကစားနိုင်တာက ဒဏ်ရာကြောင့်လို့ ပြောခဲ့ပေမယ့် ဗီလာကိုပြောင်းရွှေ့ဖို့တော့ များနေပါတယ်။

ဂျရတ်ရဲ့ဗီလာက ဆီနီဂေါလက်ရွေးစင်ကို အသင်းမှာနေရာ ပေးသွားမယ်လို့ ကတိပေးထားပြီး ပရီးမီးယားလိဂ်မှာ ပြန်ကစားခွင့်ရမယ့်အချက်ကလည်း ဆွဲဆောင်နိုင်နေပါတယ်။ ဆားက ဆီနီဂေါအသင်းမှာလည်း ၄၇ ပွဲ ကစားထားတဲ့ အတွေ့အကြုံရှိသလို ဒီနှစ်အစောပိုင်းကတင် အာဖရိကနိုင်ငံများဖလားကိုပါ ရရှိထားပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာလည်း အုပ်စုအေထဲမှာ ပါဝင်နေပြီး နယ်သာလန်၊ အီကွေဒေါ၊ အိမ်ရှင်ကာတာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

#ဝက်ဖို့ဒ် #အက်စတွန်ဗီလာ #အစ္စမေးလ်ဆား #စတီဗင်ဂျရတ် #ပရီးမီးယားလိဂ်