ရှေ့သို့
Image

ရှီယားရဲ့ သွင်းဂိုး စံချိန်ကို ရိုက်ချိုးဖို့ အဂူရိုကို တိုက်တွန်းသွားခဲ့တဲ့ ကစားဖော် ဘာနာဒို ဆေးလ်ဗား

11:09 AM, 1 October

အလန် ရှီယားဟာ သွင်းဂိုး ၂၆၀ ဂိုး သွင်းယူခဲ့ပြီး အဂူရိုဟာ စနေနေ့တွင် ဘရိုက်တန် အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်က သွင်းဂိုး အပါအ၀င် သွင်းဂိုး ၁၄၈ ဂိုးသာ ရှိပါသေးတယ်။

ကစားဖော် ဘာနန်ဒို ဆေးလ်ဗားက တိုက်စစ်မှူး အဂူရိုဟာ အလန် ရှီးယားရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ရိုက်ချိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၃၀ နှစ်အရွယ် တိုက်စစ်မှူး အဂူရိုဟာ ယခုနှစ် ရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံ ခုခံ မန်စီးတီး အသင်းအတွက် ပရီးမီးယားလိပ် ပွဲစဉ် ၇ ပွဲ ကစားထားပြီးရာတွင် သွင်းဂိုး ၅ ဂိုး အထိ သွင်းယူခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ဆေးလ်ဗားက “အဂူရို ရိုက်ချိုးနိုင်လိ့မ်မယ်လို့  ကျွန်တော် ထင်ပါတယ်။ သူ့မှာ အလား အလာလည်း ရှိပါတယ်။ တစ်ရာသီပြီး တစ်ရာသီ သူ ဂိုးသွင်းတာတွေက ပိုပိုများလာပါတယ်။ နောက်ထပ် ဆုဖလားတွေနဲ့အတူ မန်စီးတီး အသင်းမှာ သူ ကျွန်တော်တို့ကို ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက မန်စီးတီး အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး သွင်းဂိုးရှင်ပါ”

“အဂူရိုက မန်စီးတီးအသင်း အတွက်သာ မဟုတ်ဘဲ  ပရီးမီးယားလိဂ်အတွက်လည်း ဂန္တ၀င် ကစားသမား ၁ ဦးပါ။ အကောင်းဆုံး တိုက်စစ်မှူး မဟုတ်ရင် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ သွင်းဂိုး ၃၀ သွင်းခဲ့တဲ့ ကစားသမားကို နှစ်သက်ရမှာပါ”

နောက်ရာသီမှာလည်း “သူတို့တွေ မရပ်တန့်ခဲ့ပါဘူး။ သူတို့က သွင်းဂိုး ၃၀ ဒါမှမဟုတ်ရင် သွင်းဂိုး ၄၀ အထိ နောက်တစ်ကြိမ် ထပ်သွင်းချင်ကြပါတယ်။ ဒါကို ကျွန်တော်တို့ နှစ်သက်ရမှာပါ။ သူတို့တွေကို ရရှိထားလို့ ပျှော်ရွင်ရမှာပါ။ ၀မ်းသာရမှာပါ။ အဂူရိုကသာ အဲလိုအဆင့်ကို ရောက်ရှိနိုင်ရင် ဒါက ပိုလို့တောင် ကောင်းလာမှာပါ”

အင်္ဂလန် ဘောလုံး နှင့် ပရီးမီးယားလိဂ်အတွက် အလန် ရှီယား ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာကို လူများ အားလုံး သိပါတယ် လို့ ပြောသွားခဲ့ပါတယ်။

#မန်စီးတီး #ဘာနာဒို #အဂူရို