ရှေ့သို့

ကမ္ဘာ့ဖလားအဖွင့်ပွဲတိုင်း ရလဒ်ကောင်းတတ်တဲ့ အိမ်ရှင်အသင်းတွေရဲ့ အစဉ်အလာကို ကာတာဆက်ထိန်းသွားမလား

1:46 PM, 20 November

ယနေ့ညမှာတော့ ပရိသတ်တွေ ၄နှစ်ကြာ စောင့်မျှော်ခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကစားတော့မှာဖြစ်ပါတယ်။ ယနေ့ကစားမှာကတော့ အိမ်ရှင် ကာတာနဲ့ အီကွေဒေါတို့ ရင်ဆိုင်ကြမယ့်ပွဲစဉ်ဖြစ်ပြီး ၂သင်းစလုံးအဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အိမ်ရှင်အသင်းတွေက အဖွင့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းလေ့ရှိပြီး ယနေ့ည ကာတာအသင်းအနေနဲ့ အဆိုပါအစဉ်အလာကောင်းကို ထိန်းနိုင်မလား စောင့်ကြည့်ရမှာပါ။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်အကြောင်း ဘောလုံးစတားအယ်ဒီတာတွေက ပွဲကြိုခန့်မှန်းချက်အဖြစ် တင်ဆက်ထားပါတယ်။ 

#အယ်ဒီတာအကြိုက် #ကာတာ #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ