ရှေ့သို့
Image

ကာတာနဲ့ အီကွေဒေါတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ထိုင်ခုံလွတ်ပေါင်းများစွာကို မြင်တွေ့ခဲ့ရ

1:10 PM, 21 November

ယမန်နေ့ညက ကာတာနဲ့ အီကွေဒေါတို့ရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွင်း Al Baytကွင်းထဲမှာ ထိုင်ခုံလွတ်ပေါင်း ထောင်ပေါင်းများစွာကို တွေ့မြင်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲကြီးကို မော်ဂန်ဖရီးမန်း၊ jung kookတို့လို နာမည်ကျော်တွေနဲ ခမ်းနားစွာ ဖွင့်လှစ်ခဲ့ပေမယ့် ပွဲကစားချိန်မှာတော့ ကာတာက အိမ်ရှင်ပရိသတ်တွေကို စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ခြင်းမရှိခဲ့ဘဲ အီကွေဒေါကို ၂ဂိုးပြတ်ရှုံးခဲ့ပါတယ်။

ပထမပိုင်းအပြီး ပရိသတ်ထောင်ပေါင်းများစွာဟာ ကွင်းထဲက ထွက်သွားခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ပြန်လာခြင်းမရှိတော့တာကြောင့် ကွင်းထဲ ထိုင်ခုံလွတ်ထောင်ပေါင်းများစွာကို တွေ့မြင်ခဲ့ရပါတယ်။ ဒုတိယပိုင်းအတွင်း ကြေညာချက်အရ ပရိသတ်ပေါင်း ၆၇၃၇၂ယောက် လာရောက်ကြည့်ရှုကြတယ်လို့ သိရပေမယ့် တကယ်တမ်းကွင်းထဲမှာတော့ အဆိုပါ ပမာဏထက် လျော့နည်းနေခဲ့ပါတယ်။

နိုင်ပွဲရခဲ့တဲ့ အီကွေဒေါအသင်း ပရိသတ်တွေကတော့ ပွဲပြီးဆုံးချိန်အထိ ကွင်းထဲမှာ ဆက်နေကာ လက်ခုပ်တီးအားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ BBCမှာ တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီလိုင်နီကာကတော့ ပွဲအစမှာ တစ်ကွင်းလုံးအပြည့် မြင်တွေ့ရပေမယ့် ပထမပိုင်းအပြီးမှာ ထိုင်ခုံအလွတ်တွေ အများအပြား မြင်တွေ့ခဲ့ရကြောင်း ပြောပြသွားခဲ့ပါတယ်။

#ကာတာ #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ