ရှေ့သို့
Image

ကာတာ - အီကွေဒေါပွဲအပြီးနောက် ကွင်းကို သန့်ရှင်းရေးလုပ်ဖို့ ပွဲပြီးချိန်ထိရှိနေခဲ့ကြတဲ့ ဂျပန် ပရိသတ်များ

8:46 AM, 22 November

ကမ္ဘာ့ဖလားဖွင့်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကတာ - အီကွေဒေါပွဲအပြီးမှာတော့ ကွင်းသန့်ရှင်းရေးအတွက် ကူညီပေးဖို့အတွက် ဂျပန်ပရိသတ်တော်တော်များများက ကွင်းအတွင်းမှာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲပြီးဆုံးတိုင်း မိမိတို့ကြည့်ရှုခဲ့တဲ့ကွင်းရဲ့ သန့်ရှင်းရေးကို ကူညီလုပ်ဆောင်ပေးတဲ့ သမိုင်းကြောင်းအစဉ်အလာက ဂျပန်ပရိသတ်တွေဆီမှာရှိခဲ့တာပါ။ ၂၀၁၈ခုနှစ် တုန်းကလည်း ၁၆ သင်းအဆင့်မှာ သူတို့အသင်းဟာ ဘယ်လ်ဂျီယံအသင်းကိုရှုံးနိမ့်ခဲ့သော်လည်း ရော့စ်တို့ဗ်ကွင်းကြီးထဲက အမှိုတ်တွေကို သန့်ရှင်းပေးခဲ့တဲ့ ဂျပန်ပရိသတ်တွေရဲ့ လုပ်ရပ်က လေးစားစရာဖြစ်ခဲ့ပါတယ်။

နောက်တစ်နှစ်အကြာ အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ်အဖြစ် အုပ်စု D တွင် စကော့တလန်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဂျပန်ပရိသတ်တွေဟာ သူ့ရဲ့စံနှုန်းအတိုင်း ကွင်းကို သန့်ရှင်းရေးလုပ်ပေးခဲ့ကြတာပါ။ အဆိုပါအစဉ်အလာက တနင်္ဂနွေနေ့ညကမှာ ဆက်လက်ရှိနေခဲ့ပြီး အယ်ဘရက်ကွင်းကြီးရဲ့ သန့်ရှင်းရေးကို ကူညီပေးဖို့အတွက် ဒေသခံတွေနဲ့အတူ ဂျပန်ပရိသတ်တွေက ကွင်းအတွင်း ကျန်ရှိနေခဲ့ကြတာပါ။

"ဘောလုံးဆိုတာက တန်ပြန်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တော်တော်များများက ပြောကြာတကို အားလုံးလည်းကြားဖူးမှာပါ။ ဂျပန်လူ့အဖွဲ့အစည်းရဲ့ အရေးကြိးတဲ့ ကဏ္ဍတစ်ခုကတော့ အရာအားလုံးကို လုံးဝသန့်ရှင်းအောင်လုပ်ပြီး အားကစားပွဲတိုင်းနဲ့ ဘောလုံးပွဲစဉ်တွေမှာလည်း သေချာပေါက် ပါရှိခဲ့တာဖြစ်ပါတယ်" တွစ်တာအသုံးပြုတစ်ဦးကတော့ "မင်းနားက အမှိုက်ကို ရှင်းလင်းဖို့အတွက် မင်းဟာ မူဆလင်တစ်ဦးဖြစ်စရာမလိုပါဘူး။ ဂျပန်ပရိသတ်တွေရဲ့ အခုလို့ အံ့ဩဖွယ်ရာ အပြုအမူတွေကို ကြည့်လိုက်စမ်းပါ။ ပြိုင်ပွဲမရှိသော်လည်း သူတို့ဟာ ကွင်းအတွင်းမှာ သန့်ရှင်းရေးကူညီလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဝိုး ... လေးစားပါတယ် ဂျပန်ရေ" လို့ ရေးသားထားပါတယ်။

"တစ်စုံတစ်ဦးက ကျွန်တော်ကို စည်းရုံးနိုင်တယ်။ ဒါက ပုံမှန်ပါပဲ။ ဂျပန်ပရိသတ်တွေက ကွင်းကိုရှင်းလင်းပေးဖို့အတွက် ဆုံးဖြတ်ခဲ့ကြတာပါ။ ဒါဟာ သူတို့အသင်းရဲ့ ပွဲလုံးဝမဟုတ်ပါဘူး။ မင်းတို့အသင်းရဲ့ ပွဲမဟုတ်ဘဲနဲ့ ဘာလို့လာပြီး သန့်ရှင်းရေးလုပ်ပေးတာလဲလို့ သူတို့ကိုမေးလိုက်တဲ့အခါ သူတို့တွေက အနောက်မှာရှိတဲ့အမှိုက်တွေက ဂျပန်လူမျိုးတွေက ဘယ်တော့မှ မထားခဲ့ပါဘူး။ ဒီနေရာကို ကျွန်တော်တို့ လေးစားပါတယ်လို့ ပြန်ဖြေပါတယ်။ "ဒါဟာ ကျွန်တော့်နားနဲ့ စက်စက်ကြားခဲ့တာပါ။ ဒါကို တကယ်လို့မထင်ခဲ့ပါဘူး။ ဝိုး ... အားလုံးကို လေးစားတယ်ဗျာ" လို့ အိုမာဖာအို ဆိုတဲ့ ပရိသတ်က ပြောပါတယ်။

အဆိုပါပွဲကတော့ ၂-၀ ဂိုးဖြင့် ကာတာကို အီကွေဒေါက အနိုင်ရရှိခဲ့ပြီး ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှုးဟောင်းဖြစ်သူ ဗလင်စီယာက ၂ ဂိုးစလုံးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

#ကာတာ #ဂျပန် #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ