ရှေ့သို့
Image

အီကွေဒေါသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ နယ်သာလန် ကစားသမားတွေရဲ့ အားထုတ်မှုနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်နေတဲ့ ဗန်ဟားလ်

2:44 PM, 26 November

ကမ္ဘာ့ဖလားပြိုုင်ပွဲရဲ့ အုပ်စု (A) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ အီကွေဒေါအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ပွဲကစားချိန် အစောပိုင်းမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ အီကွေဒေါအသင်းရဲ့ ဒုတိယပိုင်းစလို့ မကြာခင်မှာပဲ ချေပဂိုး ခွင့်ပြုုပေးခဲ့ရတာကြောင့် ၁ - ၁ ရလဒ်ဖြင့် သရေ ၁မှတ်သာ ရခဲ့တဲ့အပေါ် နယ်သာလန်အသင်းရဲ့ နည်းပြချူပ် ဗန်းဟားလ်က နယ်သာလန်အသင်းသားတွေရဲ့ ကစားပုံနဲ့ ပက်သက်လို့ အားရမှုနည်းတဲ့ အကြောင်းကို ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အဆိုပါ အုပ်စုအဆင့်ကနေ ကျော်လွှားနိုင်ရေးအတွက် အရေးပါတဲ့ နယ်သာလန်အသင်း နဲ့ အီကွေဒေါအသင်းတို့ရဲ့ ၁ဂိုး - ၁ဂိုး ရလဒ်ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြတဲ့ ပွဲစဉ်အတွင်း နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၆မိနစ်အရောက်မှာပဲ ပီအက်စ်ဗွီအသင်းရဲ့ တိုက်စစ်ကစားသမားဂက်ပိုက လှပတဲ့ အဝေးကန်ချက်ဖြင့် ကန်သွင်းရယူပေးခဲ့တာ ဖြစ်ပြီး လက်ကျန်ပွဲကစားချိန်တွေအတွင်းမှာတော့ နည်းပြ ဗန်ဟားလ် ရဲ့ နယ်သာလန်အသင်းအနေဖြင့် အီကွေဒေါအသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နယ်သာလန်အသင်းနေဖြင့် ဒုတိယပိုင်းပွဲကစားချိန် ၄၉မိနစ်အရောက်မှာပဲ အီကွေဒေါအသင်းရဲ့ ဝါရင့်တိုက်စစ်မှုး အန်နာဗလင်စီယာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြု ပေးခဲ့ရကာ ဦးဆောင်ဂိုး ပြန်လည် သွင်းယူနိုင်ခြင်း မရှိတာကြောင့် ၁ဂိုး - ၁ဂိုးဖြင့် သရေတစ်မှတ်သာ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။


အီကွေဒေါအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နယ်သာလန်ကစားသမားတွေရဲ့ ကစားပုံနဲ့ ပက်သက်လို့ နည်းပြ ဗန်ဟားလ်က“ကျွန်တော်တို့အသင်းက ဘောလုံးကိုင်ကစားတဲ့ နေရာမှာ အတော်လေး ဆိုးဆိုးရွားရွားဖြစ်ခဲ့ပါတယ်။ တကယ်တမ်း အသင်းလိုက်ကစားတဲ့အခါမှာ ဘောလုံးကောင်းကောင်းကိုင်ကစားနိုင်ဖို့ အရေးကြီးပြီး ဒီအရည်အသွေးတွေကို ပြသနိုင်ရပါမယ်”“ကျွန်တော်တို့ အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်တွေမှာလည်း ဒီလိုပုံစံ ဖြစ်ရပ်တွေကို အမြဲလို မြင်တွေ့ခဲ့ရပြီး ဒီနေ့ပွဲမှာ ကစားသွားတဲ့ အားထုတ်မှုပိုင်း အားနည်းတာနဲ့ ပက်သက်လို့ အံ့အားသင့် ခဲ့ရပါတယ်” လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#နယ်သာလန် #ဗန်ဟားလ် #၂၀၂၂ကမ္ဘာ့ဖလား #အီကွေဒေါ