ရှေ့သို့
Image

ပထမပိုင်းမှာတင် ဂါနာအသင်းကို ဂိုးပြတ်အရေးနိမ့်နေတဲ့ တောင်ကိုရီးယား (ပထမပိုင်းရလဒ်)

8:24 PM, 28 November

တောင်ကိုရီးယား ၀ - ၂ ဂါနာ 

ဆာလီဆု (၂၄ မိနစ်)

ကူဒူ (၃၄ မိနစ်) 


- တောင်ကိုရီးယားက ကစားကွက်ပိုင်းအသာနဲ့ ကစားခဲ့ပြီး တိုက်စစ်မှာလည်း အပြောင်းအလဲအများအပြား ပြုလုပ်လာခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ရောက်တိုင်း ဖြတ်တင်ဘောတွေက ထိရောက်ခြင်းမရှိပဲ၊ တော်တော်လေးကို လွဲချော်နေခဲ့ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှု ၆ ကြိမ်ရှိခဲ့ပေမယ့် တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ပါဘူး။ ဂါနာကတော့ တန်ပြန်တိုက်စစ်တွေကို ပိုသုံးခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်ကနေ ၂ ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးနှစ်ဂိုးစလုံးကို ဝါရင့်ကစားသမား ဂျော်ဒန်အာယူက ဖန်တီးပေးခဲ့တာဖြစ်ပြီး ဂါနာအတွက်အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ 



#ဂါနာ #ေတာင္ကုိရီးယား #ကာတာကမ္ဘာ့ဖလား