ရှေ့သို့
Image

ဂူဒူစ်ရဲ့ အဖိုးတန်အနိုင်ဂိုးကြောင့် တောင်ကိုရီးယားကို အနိုင်ရရှိခဲ့တဲ့ ဂါနာ (ပွဲပြီးရလဒ်)

9:47 PM, 28 November

တောင်ကိုရီးယား ၂ - ၃ ဂါနာ 

ဆာလီဆု (၂၄ မိနစ်)

ကူဒူ (၃၄ မိနစ်) 

ချိုဂူဆောင်း (၅၈ မိနစ်၊ ၆၁ မိနစ်) 

ကူဒူ (၆၈ မိနစ်)


- တကယ်ကြည့်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခဲ့ရပါတယ်။ ဂါနာအသင်းက ပထမပိုင်းမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တောင်ကိုရီးယားအသင်းဟာ ပိုကောင်းတဲ့ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်မှူးချိုဂူဆောင်းဆီကို ပို့ပေးခဲ့တာတွေ့ရပါတယ်။ လက်တလောမှာ ဘောလုံးမကြိုက်တဲ့ လူတွေကြားမှာပါ ရေပန်းစားနေတဲ့ ချိုဂူဆောင်းကလည်း ရုပ်ရည်နဲ့လိုက်ဖက်တဲ့ အမိုက်စားခြေစွမ်းပြပြီး လှပတဲ့ခေါင်းတိုက်သွင်းဂိုး ၂ ဂိုးကို တစ်ယောက်တည်း သွင်းပြသွားခဲ့ပါတယ်။ 

- ဒါပေမယ့် ဂါနာရဲ့ စူပါမန်းလေး ကူဒူစ်က သူ့ရဲ့ထုံးစံအတိုင်း အသင်းအတွက် အရေးကြီးနေတဲ့အချိန်မှာ လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကူဒူစ်ကတော့ ကာတာကမ္ဘာ့ဖလားမှာ ဂါနာအတွက် မရှိမဖြစ် ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် တောင်ကိုရီးယားက ပေါ်တူဂီကို မဖြစ်မနေ အနိုင်ကစားရတော့မှာဖြစ်ပြီး ဂါနာကတော့ ဥရုဂွေးကိုမရှုံးအောင် ကစားရုံနဲ့ နောက်တစ်ဆင့်တက်နိုင်မှာပဲ ဖြစ်ပါတယ်။ 



#ဂါနာ #ေတာင္ကုိရီးယား #ကာတာကမ္ဘာ့ဖလား