ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်း အတွက် ညာနောက်ခံလူအဖြစ် ကစားပေးရတာကို ပျော်ရွှင်နေတဲ့ ကွန်ဒီ

11:28 AM, 30 November

ပြင်သစ်အသင်းနောက်ခံလူ ကွန်ဒီတစ်ယောက် နိုင်ငံအသင်းအတွက် ညာနောက်ခံလူအဖြစ် ကစားပေးရတာကို ပျော်ရွှင်မိကြောင်း ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာနောက်ခံလူကတော့ ယခင်ကဗဟိုခံစစ်မှာပဲ ကစားချင်တယ်လို့ ပြောကြားထားပေမယ့် အခုတော့  ညာနောက်ခံလူနေရာမှာ ပျော်ရွှင်နေတာဖြစ်ပါတယ်။

“တကယ့်ကို ပျော်ဖို့ကောင်းတဲ့ပြိုင်ဆိုင်မှုပါ။ ကျွန်တော်တို့ အချို့အချိန်တွေမှာ စကားပြောဖြစ်ပါတယ်။ ပြီးတော့ အသင်းကို အကောင်းဆုံး အရာတွေ ယူဆောင်လာပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ဘယ်သူကစားခွင့်ရမလဲဆိုတာကတော့ နည်းပြအပေါ်မှာပဲ မူတည်ပါတယ်။ ညာနောက်ခံလူနေရာမှာဆိုရ် ကျွန်တော် အမြဲတမ်း အကောင်းဆုံးကြိုးစားပါတယ်။ တိုးတက်နေဖို့လည်း လုပ်ဆောင်ပါတယ်။ အထူးသဖြင့် တိုက်စစ်လိုက်ပါရာမှာပါ။ ဘယ်ခြမ်းပဲဖြစ်ဖြစ် နည်းပြ ဘယ်လိုဆုံးဖြတ်လဲအပေါ်မူတည်ပြီး ဘယ်ခြမ်းမှာလည်း ကျွန်တော်အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ဒမ်ဘီလီနဲ့ ကစားရတာက အဆင်ပြေပါတယ်။ ကျွန်တော်တို့ ညာခြမ်းမှာ အတူတူပွဲအချို့ကစားဖူးပါတယ်။ ပြီးခဲ့တဲ့ပွဲတုန်းကဆို သူက ခံစစ်ပိုင်းကူရာမှာ အရမ်းကောင်းပါတယ်။ သူ့ရဲ့ခံစစ်လိုက်ကူပုံကို ကျွန်တော် အရမ်းကျေနပ်ပါတယ်”လို့ ကွန်ဒီက ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ သြစတြေးလျ နဲ့ ဒိန်းမတ်တို့ကို အနိုင်ရရှိခဲ့တာကြောင့် နောက်တဆင့်ကို တက်ရောက်ထားပြီးဖြစ်ကာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ တူနီးရှားအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ပြင်သစ် #ကွန်ဒီ #၂၀၂၂ကမ္ဘာ့ဖလား