ရှေ့သို့
Image

၁၆သင်း အဆင့်နဲ့ လွဲချော်ခဲ့ပြီးနောက် မက္ကဆီကို အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ နည်းပြမာတီနို

11:39 AM, 1 December

မက္ကဆီကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကြိုတင်ပြင်ဆင်ဖို့ နည်းပြသစ်တစ်ဦးရှာဖွေရတော့မှာ ဖြစ်ပါတယ်။ နည်းပြ တာတာမာတီနိုဟာ ၂၀၂၂ကမ္ဘာ့ဖလားမှာ စိတ်ပျက်စရာအုပ်စုအဆင့်ရလဒ်ကို ကြုံတွေ့ခဲ့ရပြီးနောက် နည်းပြရာထူးကနေ ထွက်ခွာသွားခဲ့ပါတယ်။

မာတီနိုက “ဒီလို စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရခြင်းအတွက် ကျွန်တော့်မှာအရင်ဆုံးတာဝန်ရှိပါတယ်။ ဒီအသင်းကို တာဝန်ယူနေသူတစ်ယောက်အနေနဲ့ ဒါက ဝမ်းနည်းစရာဖြစ်ပြီး ဒီလိုကျရှုံးမှုအတွက် အပြည့်အ၀ တာဝန်ခံရပါမယ်” “ကျွန်တော့်စာချုပ်က မနေ့ကပွဲအပြီး ဝီစီမှုတ်လိုက်ချိန်မှာ ကုန်ဆုံးသွားပြီဖြစ်ပြီး ဘာမှ ဆက်လုပ်စရာမကျန်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

မက္ကဆီကိုအသင်းဟာ ၁၉၇၈ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်ကို မကျော်နိုင်ခဲ့တာဖြစ်ပါတယ်။ အုပ်စုအပိတ်ပွဲစဉ်မှာ မက္ကဆီကိုတို့ ဆော်ဒီကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ပေမယ့် ပိုလန်နဲ့ ဂိုးကွာခြားချက်ကွာနေတာကြောင့် ယခုနှစ်ကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #မက္ကဆီကို