ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (E) ကော်စတာရီကာ - ဂျာမနီ ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

2:10 PM, 1 December

ကွင်း - အယ်ဘိုက်ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ကော်စတာရီကာ - ဖရန်စစ္စကိုကယ်ဗို (ပွဲပယ်)။
ဂျာမနီ - မရှိ

ကော်စတာရီကာအသင်း အခြေအနေ
=============
ကော်စတာရီကာအသင်းက ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ယနေ့ည အနိုင်ကစားထားနိုင်တာနဲ့ အုပ်စု ပထမနေရာနဲ့နောက်တစ်ဆင့်တက်နိုင်ရေးအတွက်ပါ မျှော်လင့်ချက်ရှိနေပါသေးတယ်။

ဂျာမနီအသင်း အခြေအနေ
==============
ဂျာမနီအသင်းကတော့ ကမ္ဘာ့ဖလားမှာ ကစားရမယ့်ခြေစွမ်းမျိုး လောက်လောက်လားလားမပြသထားနိုင်သေးပေမဲ့ အုပ်စုတက်ရေးမျှော်လင့်ချက်ရှိနေတာကြောင့် ကော်စတာရီကာကို မီးကုန်ယမ်းကုန် ကစားလာနိုင်ပါတယ်။

ခန့်မှန်းချက်
======
ကော်စတာရီကာအသင်းက သရေရရင်တောင် နောက်တစ်ဆင့်တက်နိုင်ရေးအတွက် မျှော်လင့်နိုင်ခြေရှိနေပေမယ့် နောက်ဆုံးပွဲမှာ အနိုင်နဲ့ပိတ်သိမ်းနိုင်ရင် အုပ်အဆင့်ကနေ တက်နိုင်ခြေပိုများတာကြောင့် ကြိုးစားလာရန်ရှိနေပါတယ်။

ကော်စတာရီကာရဲ့ ခြေစွမ်းကတော့ ဂျာမနီလိုအသင်းကို ကောင်းကောင်းယှဉ်ကစားနိုင်ဖို့ ခက်သလို ဂျာမနီအသင်းအနေနဲ့ လည်း ကမ္ဘာ့ဖလားမှာအစဉ်အလာကြီးမားတာနဲ့အညီ ဂုဏ်သိက္ခာပိုင်းအရပါ ကော်စတာရီကာကို အနိုင်ရအောင်သာ ကစားလာဖို့ ရှိနေပါတယ်။ အုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ရေးအတွက် သွင်းဂိုးတွေလိုအပ်နေတဲ့ ဂျာမနီအသင်း ကော်စတာရီကာအသင်းကို သွင်းဂိုးများများနဲ့ အနိုင်ရဖို့များပါတယ်။  

ကော်စတာရီကာ - ဂျာမနီ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
-----------------------------------------------
ဂျာမနီ ၄ - ၂ ကော်စတာရီကာ (၉-ဇွန်-၂၀၀၆)
.
ကော်စတာရီကာ နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
ဂျပန် ၀ - ၁ ကော်စတာရီကာ (၂၇-နိုဝင်ဘာ-၂၀၂၂)
စပိန် ၇ - ၀ ကော်စတာရီကာ (၂၃-နိုဝင်ဘာ-၂၀၂၂)
ကော်စတာရီကာ ၂ - ၀ နိုင်ဂျီးရီးယား (၁၀-နိုဝင်ဘာ-၂၀၂၂)
ဥဇဘက်ကစ္စတန် ၁ - ၂ ကော်စတာရီကာ (၂၇-စက်တင်ဘာ-၂၀၂၂)
တောင်ကိုရီးယား ၂ - ၂ ကော်စတာရီကာ (၂၃-စက်တင်ဘာ-၂၀၂၂)
.
ဂျာမနီ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
စပိန် ၁ - ၁ ဂျာမနီ (၂၈-နိုဝင်ဘာ-၂၀၂၂)
ဂျာမနီ ၁ - ၂ ဂျပန် (၂၃-နိုဝင်ဘာ-၂၀၂၂)
အိုမန် ၀ - ၁ ဂျာမနီ (၁၆-နိုဝင်ဘာ-၂၀၂၂)
အင်္ဂလန် ၃ - ၃ ဂျာမနီ (၂၇-စက်တင်ဘာ-၂၀၂၂)
ဂျာမနီ ၀ - ၁ ဟန်ဂေရီ (၂၄-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ဂျာမနီ #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ