ရှေ့သို့

ကမ္ဘာ့ဖလားမျှော်လင့်ချက် အနည်းငယ်အတွက် ကော်စတာရီကာကို ဂိုးပြတ်အနိုင်ယူရမယ့် ဂျာမနီ

10:18 PM, 1 December

ဒီနေ့ည ၁ နာရီခွဲမှာ ကစားရမယ့် ကော်စတာရီကာနဲ့ ဂျာမနီပွဲကလည်း ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအုပ်စု E မှာ ဘယ်အသင်းက နောက်တစ်ဆင့်တက်ပြီး ဘယ်အသင်းက ပြုတ်ကျန်ခဲ့မလဲဆိုတာ ခုထိမသိနိုင်သေးလို့ပါပဲ။ တကယ်လို့ ဂျာမနီသာ ဒီပွဲမှာရလဒ်မကောင်းရင် ကမ္ဘာ့ဖလားကနေ ၂ ကြိမ်ဆက်တိုက် အုပ်စုအဆင့်နဲ့ ထွက်ရမှာပါ။

ဂျာမနီအတွက် ပြီးခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာ စပိန်ကိုသရေကစားနိုင်ခဲ့လို့သာ မျှော်လင့်ချက်ရှိသွားခဲ့တာပါ။ ဒါပေမယ့် ကော်စတာရီကာကို ဂိုးပြတ်နိုင်ဖို့နဲ့ စပိန်က ဂျပန်ကိုမရှုံးဖို့လိုပါတယ်။ ကော်စတာရီကာအတွက်လည်း ဒီပွဲကိုမရှုံးရင်နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိပါတယ်။  ဒီလိုမရဏအုပ်စုထဲကနေ ဘယ်အသင်းတွေ ရုန်းထွက်သွားမလဲဆိုတာကို ဘောလုံးစတားရဲ့ပွဲကြိုသုံးသပ်ချက်မှာ ပြောပြထားပါတယ်။

#ဂျာမနီ #၂၀၂၂ကမ္ဘာ့ဖလား #ကော်စတာ