ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (H) တောင်ကိုရီးယား - ပေါ်တူဂီ ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

1:50 PM, 2 December

ကွင်း - Education City

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
တောင်ကိုရီးယား - ဟွမ်ဟီချမ်း(မသေချာ)
ပေါ်တူဂီ - ဒန်နီလို၊ နူနိုမန်ဒက်စ်၊ အိုတာဗီယို(သေချာပေါက်လွဲ)

တောင်ကိုရီးယားအသင်း အခြေအနေ
==============
တောင်ကိုရီးယားရဲ့ ခြေစွမ်းက နောင်တော်အာရှအသင်းတွေဖြစ်တဲ့ ဂျပန်၊ သြစတြေးလျတို့ကို မမီသေးပေမယ့် စိတ်ဓာတ်ကောင်းကောင်းနဲ့ အကောင်းဆုံးကစားနေပြီး ယနေ့ညမှာလည်း ပေါ်တူဂီထံကနေ အမှတ်ခွဲယူနိုင်မလား စောင့်ကြည့်ရပါမယ်။

ပေါ်တူဂီအသင်း အခြေအနေ
==============
ပေါ်တူဂီအသင်းကတော့ ၂ပွဲနိုင်ခဲ့ပြီးနောက် ၁၆သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပြီး ယနေ့ညမှာတော့ အရန်လူစာရင်းကိုသာ ပွဲထုတ်ပြီး မရှုံးအောင်လောက်သာ ကစားလာနိုင်ပါတယ်။

ခန့်မှန်းချက်
========
တောင်ကိုရီးယားက အုပ်စုတွင်း ရမှတ်တစ်မှတ်သာရသေးတာကြောင့် ယနေ့ညနိုင်ပွဲရဖို့ လိုအပ်နေပြီး ပေါ်တူဂီနဲ့လာတွေ့နေတာကလည်း ကြီးမားတဲ့ အတားအဆီးကြီးတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ ပေါ်တူဂီက အုပ်စုတက်သွားပြီဆိုပေမယ့် လူစာရင်းအပြောင်းအလဲလုပ်လာမယ်ဆိုရင်တောင် တောင်ကိုရီးယားထက်သာတာကြောင့် နည်းပြ ဆန်းတို့စ်တစ်ယောက် အနိုင်ကန်ဖို့ပဲ ပြင်ဆင်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီနေ့ပွဲအတွက် ပေါ်တူဂီရဲ့ အကြောပေးမှုတွေက ကျဆင်းလာတဲ့အခြေအနေမှာ သရေတစ်မှတ်လောက် ပြန်ရနိုင်တဲ့ တောင်ကိုရီးယားကို ကြိုက်ပါတယ်။
 
တောင်ကိုရီးယား - ပေါ်တူဂီ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
----------------------------------------------
တောင်ကိုရီးယား ၁ - ၀ ပေါ်တူဂီ (၁၄-ဇွန်-၂၀၀၂)
.
တောင်ကိုရီးယား နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
တောင်ကိုရီးယား ၂ - ၃ ဂါနာ (၂၈-နိုဝင်ဘာ-၂၀၂၂)
ဥရုဂွေး ၀ - ၀ တောင်ကိုရီးယား (၂၄-နိုဝင်ဘာ-၂၀၂၂)
တောင်ကိုရီးယား ၁ - ၀ အိုက်စလန် (၁၂-အောက်တိုဘာ-၂၀၂၂)
တောင်ကိုရီးယား ၁ - ၀ ကင်မရွန်း (၂၇-စက်တင်ဘာ-၂၀၂၂)
တောင်ကိုရီးယား ၂ - ၂ ကော်စတာရီကာ (၂၃-စက်တင်ဘာ-၂၀၂၂)
.
ပေါ်တူဂီ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
ပေါ်တူဂီ ၂ - ၀ ဥရုဂွေး (၂၉-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၃ - ၂ ဂါနာ (၂၄-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၄ - ၀ နိုင်ဂျီးရီးယား (၁၈-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၀ - ၁ စပိန် (၂၈-စက်တင်ဘာ-၂၀၂၂)
ချက်ဇ် ၀ - ၄ ပေါ်တူဂီ (၂၅-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ပေါ်တူဂီ #၂၀၂၂ကမ္ဘာ့ဖလား #တောင်ကိုရီးယား