ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (H) ဂါနာ - ဥရုဂွေး ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

2:12 PM, 2 December

ကွင်း - အယ်ဂျနော့ဘ်ကွင်း

ဂါနာ - ဥရုဂွေး ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ဂါနာ - မရှိ
ဥရုဂွေး - အရူဂျို(သေချာပေါက်လွဲ)

ဂါနာအသင်း အခြေအနေ
==============
ဂါနာက အရင်တုန်းကအသင်းနဲ့အတူဘဲ စိတ်ဓာတ်ပိုင်းတော်တော်လေးကောင်းမွန်တာကိုတွေ့ရပြီး အသင်းသားတွေအားလုံး အင်တိုက်အားတိုက်ကစားနိုင်တာကလည်း အားသာချက်ဖြစ်နေတာကို တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ တွေ့မြင်နိုင်ပါတယ်။

ဥရုဂွေးအသင်း အခြေအနေ
==============
ဥရုဂွေးက အုပ်စုတွင်း တစ်ဂိုးမှတောင်မရသေးဘဲ အခြေအနေဆိုးနေသလို ယခုနှစ်ကမ္ဘာ့ဖလားရဲ့ ဖျက်မြင်းအသင်းဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း တက်တက်စင်အောင်လွဲစေခဲ့တဲ့ ခြေစွမ်းမျိုးပြသထားပါတယ်။

ခန့်မှန်းချက်
======
ဂါနာအသင်းဟာ တောင်ကိုရီးယားနဲ့ အကြိတ်အနယ်ကစားပြီး နိုင်ပွဲရခဲ့ကာ ယနေ့ညမှာလည်း စိတ်ဓာတ်ကောင်းတွေနဲ့ နိုင်ပွဲရအောင် ကြိုးစားလာမှာဖြစ်ပါတယ်။ ဥရုဂွေးရဲ့ ခြေစွမ်းကတော့ တော်တော်လေးဆိုးရွားနေပြီး ယနေ့ည မဖြစ်မနေနိုင်ပွဲရဖို့ ကြိုးစားလာမှာဖြစ်တဲ့အတွက် ဖောင်ဖျက်တိုက်လာနိုင်ပါတယ်။

ဥရုဂွေးတို့ တိုက်စစ်ဖွင့်လာမယ့် အခြေအနေမှာ ဂါနာကလည်း ဂိုးရနိုင်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

ဂါနာ - ဥရုဂွေး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
----------------------------------------------
ဥရုဂွေး ၁ - ၁ ဂါနာ (၃-ဇူလိုင်-၂၀၁၀)
.
ဂါနာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
တောင်ကိုရီးယား ၂ - ၃ ဂါနာ (၂၈-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၃ - ၂ ဂါနာ (၂၄-နိုဝင်ဘာ-၂၀၂၂)
ဂါနာ ၂ - ၀ ဆွစ်ဇာလန် (၁၇-နိုဝင်ဘာ-၂၀၂၂)
နီကာရာဂွါ ၀ - ၁ ဂါနာ (၂၈-စက်တင်ဘာ-၂၀၂၂)
ဘရာဇီးလ် ၃ - ၀ ဂါနာ (၂၄-စက်တင်ဘာ-၂၀၂၂)
.
ဥရုဂွေး နောက်ဆုံး (၅) ပွဲရလဒ်
-------------------------
ပေါ်တူဂီ ၂ - ၀ ဥရုဂွေး (၂၉-နိုဝင်ဘာ-၂၀၂၂)
ဥရုဂွေး ၀ - ၀ တောင်ကိုရီးယား (၂၄-နိုဝင်ဘာ-၂၀၂၂)
ကနေဒါ ၀ - ၂ ဥရုဂွေး (၂၇-စက်တင်ဘာ-၂၀၂၂)
အီရန် ၁ - ၀ ဥရုဂွေး (၂၃-စက်တင်ဘာ-၂၀၂၂)
ဥရုဂွေး ၅ - ၀ ပနားမား (၁၂-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ဂါနာ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား