ရှေ့သို့
Image

၂၀၁၀ ခုနှစ် ကမ္ဘာ့ဖာလားတုန်းက ဂါနာနှင့်ပွဲကဖြစ်ရပ်အတွက် တောင်းပန်သွားမှာမဟုတ်ပါဘူးလို့ ပြောဆိုလိုက်တဲ့ ဆွာရက်ဇ်

2:16 PM, 2 December

၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဂါနာနှင့် ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ လက်ဖြင့်ဘောလုံးကို တားခဲ့ခြင်းအတွက် တောင်းပန်သွားမှာမဟုတ်ပါဘူးလို့ ဆွာရက်ဇ်က ပြောဆိုလိုက်ပါတယ်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆွာရက်ဇ်ကို သတင်းထောက်တွေက မေးမြန်းခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လုပ်ရပ်အတွက်တောင်းပန်သွားမှာမဟုတ်ဘဲ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဂျီရန်ကိုသာ အပြစ်တင်လိုက်ကာသူ့ကြောင့်သာ ဂါနာက ထွက်သွားရတာဖြစ်ပါတယ်လို့ ဆွာရက်ဇ်က ပြောပါတယ်။ အဆိုပါသတင်းစာ ရှင်းလင်းပွဲမှာ ဂါနာသတင်းထောက်က အဆိုပါက ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဂါနာရှိလူတွေက ဆွာရက်ဇ်ကို နတ်ဆိုးအဖြစ်သတ်မှတ်ထားပြီး အနားယူရန်မျှော်လင့်နေကြောင်း သတင်းထောက်ကပြောပါတယ်။

အဲ့ဒီလိုမှတ်ချက်ပေးမှုကို ဆွာရက်ဇ်က "ပထမဆုံးအနေနဲ့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က တောင်းပန်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်က လက်ထိခဲ့သော်လည်း ဂါနာကစားသမားက ပင်နယ်တီကို လွဲချော်ခဲ့တာပါ။ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး" "ဒီအနေအထားမှာ တစ်ဖက်ကစားသမားကို ဒဏ်ရာ ရရှိအောင်လုပ်ခဲ့မိရင်တော့ ကျွန်တော်တောင်းပန်ကောင်း တောင်းပန်မှာပါ။ ကျွန်တော်က အနီကဒ်ပြသခြင်းခံခဲ့ရသလို ကွင်းလယ်ဒိုင်က ပြိုင်ဘက်အသင်းကို ပင်နယ်တီပေးခဲ့တာပါ" လို့ ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ဂါနာအတွက် နာကျင်စရာကိစ္စဖြစ်ခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားမှာလည်း ဥရုဂွေးနှင့် ထပ်မံတွေ့ဆုံနေရပြီဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အာဖရိကအသင်းဟာ တောင်အမေရိကအသင်းကို သရေကစားပါက အုပ်စုကနေ တက်ရောက်မယ်ဆိုတာကို သိထားတာပါ။

၂၀၁၀ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် အခုချိန်မှာ လက်စားချေဖို့ အခွင့်အရေး ရရှိနေတာဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက ဂါနာဟာ အချိန်ပိုမှာ ဂိုးရလုနီးပါးဖြစ်ခဲ့သော်လည်း ဆွာရက်ဇ်ရဲ့ လက်ဖြင့်ပုတ်ခဲ့မှုကြောင့် ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆွာရက်ဇ်ဟာ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဂါနာကလည်း ပင်နယ်တီ ရရှိခဲ့ပါတယ်။ သို့သော်လည်း ရရှိလာတဲ့ ပင်နယ်တီကိုတော့ ဂါနာကစားသမားက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဥမျှင်ထဲသို့မသွားခင်မှာ ဂါနာအသင်းရဲ့ ပင်နယ်တီလွဲချော်မှုကို ဆွာရက်ဇ်က အောင်ပွဲခံခဲ့ပါတယ်။ အဆိုပါပွဲဟာ ပင်နယ်တီအထိ ရောက်ရှိသွားခဲ့ပြီး ၄-၂ ဂိုးဖြင့် ဥရုဂွေးက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲကစားချိန်အတွင်း လက်ထိခဲ့တာဟာ ဂါနာကို အသည်းခွဲလိုက်သလိုဖြစ်ခဲ့ပြီး ဆွာရက်ဇ်ကလည်း ဂါနာပရိသတ်တွေရဲ့ နံပါတ် ၁ ရန်သူဖြစ်လာခဲ့ပါတယ်။

#ဂါနာ #ဆွာရက်ဇ် #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား