ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (G) ကင်မရွန်း - ဘရာဇီးလ် ပွဲကြိုခန့်မှန်းချက်(နံနက် ၁း၃၀)

2:42 PM, 2 December

ကွင်း - Lusail ကွင်း

ဒဏ်ရာရ ပွဲပယ်အခြေအနေ
===============
ကင်မရွန်း - အိုနာနာ (သေချာပေါက်လွဲ)
ဘရာဇီး - နေမာ၊ ဒါနီလို (သေချာပေါက်လွဲ)

ကင်မရွန်းအသင်း အခြေအနေ
=============
အုပ်စုပွဲစဉ်နှစ်ပွဲမှာ ရမှတ်တစ်မှတ်ပဲ ရသေးတဲ့ ကင်မရွန်းတို့ ရှုံးထွက်အဆင့်တက်ရောက်ချင်ရင် ဒီပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါတယ်။

ဘရာဇီးအသင်း အခြေအနေ
==============
ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ထားနိုင်တဲ့ ဘရာဇီးက ဒီပွဲမှာ အနိမ့်ဆုံးသရေကစားနိုင်ရင် အုပ်စုဗိုလ်ဖြစ်ဖို့ ရာနှုန်းပြည့်သေချာသွားမှာပါ။

ခန့်မှန်းချက်
======
ကင်မရွန်းအနေနဲ့ ဒီပွဲမှာအနိုင်ကစားပြီး တစ်ဖက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းရှုံးနိမ့်မှသာ အုပ်စုအဆင့် လွတ်မြောက်နိုင်မှာပါ။ ကင်မရွန်းရဲ့ခြေစွမ်းပိုင်းက ကောင်းမွန်တယ်ဆိုပေမယ့် ပွဲအပေါ်အာရုံစူးစိုက်မှု အားနည်းလွန်းလို့  ဒီနေ့လိုအခြေအနေနဲ့ ကြုံတွေ့နေရတာပါ။  ဒါကို ပြီးခဲ့တဲ့အုပ်စုပွဲစဉ်နှစ်ပွဲမှာ မြင်တွေ့ခဲ့ရပြီး ဒီအားနည်းချက်ကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။

ဘရာဇီးကတော့ နောက်တစ်ဆင့်သေချာပေါက်တက်ရောက်ထားနိုင်လို့ နည်းပြတီတီအနေနဲ့ ဒီပွဲစဉ်မှာ အဓိကကစားသမားတွေကို အနားပေးသွားဖွယ် ရှိပါတယ်။ ဘရာဇီးရဲ့ လက်ရှိခြေစွမ်းပိုင်းက အဖက်ဖက်မှာ ကောင်းမွန်နေတဲ့အတွက် အခုနှစ် ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေအနက် တစ်သင်းအဖြစ် စာရင်းဝင်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်း အဖက်ဖက်ကသာလွန်နေတဲ့ ဘရာဇီးပဲ ဒီပွဲစဉ်မှာ အနိုင်ရသွားပါလိမ့်မယ်။

ကင်မရွန်း - ဘရာဇီးလ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
----------------------------------------------
ဘရာဇီးလ် ၁ - ၀ ကင်မရွန်း (၂၁-နိုဝင်ဘာ-၂၀၁၈)
ကင်မရွန်း ၁ - ၄ ဘရာဇီးလ် (၂၄-ဇွန်-၂၀၁၄)
ဘရာဇီးလ် ၂ - ၀ ကင်မရွန်း (၁၆-သြဂုတ်-၂၀၀၈)
ဘရာဇီးလ် ၀ - ၁ ကင်မရွန်း (၂၀-ဇွန်-၂၀၀၃)
ဘရာဇီးလ် ၃ - ၀ ကင်မရွန်း (၂၄-ဇွန်-၁၉၉၄)
.
ကင်မရွန်း နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ကင်မရွန်း ၃ - ၃ ဆားဘီးယား (၂၈-နိုဝင်ဘာ-၂၀၂၂)
ဆွစ်ဇာလန် ၁ - ၀ ကင်မရွန်း (၂၄-နိုဝင်ဘာ-၂၀၂၂)
ကင်မရွန်း ၁ - ၁ ပနားမား (၁၈-နိုဝင်ဘာ-၂၀၂၂)
ကင်မရွန်း ၁ - ၁ ဂျမေကာ (၉-နိုဝင်ဘာ-၂၀၂၂)
တောင်ကိုရီးယား ၁ - ၀ ကင်မရွန်း (၂၇-စက်တင်ဘာ-၂၀၂၂)
.
ဘရာဇီးလ် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
ဘရာဇီးလ် ၁ - ၀ ဆွစ်ဇာလန် (၂၈-နိုဝင်ဘာ-၂၀၂၂)
ဘရာဇီးလ် ၂ - ၀ ဆားဘီးယား (၂၅-နိုဝင်ဘာ-၂၀၂၂)
ဘရာဇီးလ် ၅ - ၁ တူနီးရှား (၂၈-စက်တင်ဘာ-၂၀၂၂)
ဘရာဇီးလ် ၃ - ၀ ဂါနာ (၂၄-စက်တင်ဘာ-၂၀၂၂)
ဂျပန် ၀ - ၁ ဘရာဇီးလ် (၆-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ဘရာဇီး #၂၀၂၂ကမ္ဘာ့ဖလား #ကင်မရွန်း