ရှေ့သို့
Image

ဂါနာကို အနိုင်ရပေမယ့် အုပ်စုအဆင့်နဲ့ပဲကျေနပ်ခဲ့ရတဲ့ ဥရုဂွေး

11:51 PM, 2 December

ဂါနာ ၀-၂ ဥရုဂွေး (ပွဲပြီးရလဒ်)

အာရက်စ်ကာအီတာ ၂၆ မိနစ်

အာရက်စ်ကာအီတာ ၃၂ မိနစ်

ဒီနေ့ပွဲစဉ်မှာ ကစားကွက်ပြောင်းလဲထားတဲ့ ဥရုဂွေးအသင်းက တိုက်စစ်ကစားပုံသွက်လက်ခဲ့ပြီး ပထမပိုင်းမှာပဲ သွင်းဂိုးနှစ်ဂိုးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ဥရုဂွေးက အနိုင်ရလဒ်ကိုထိန်းဖို့ကြိုးစားနေချိန် တောင်ကိုရီးယားက ပေါ်တူဂီကို အနိုင်ရသွားလို့ ဂိုးကွာခြားချက်အသာနဲ့ တောင်ကိုရီးယားအသင်း နောက်တစ်ဆင့်တက်ခွင့် ရရှိသွားပါတယ်။ ဒါကြောင့် လက်ကျန်ပွဲကစားချိန်တွေမှာ ဥရုဂွေးက သွင်းဂိုးတွေထပ်မံရှာဖွေခဲ့ပေမယ့် ဂါနာဂိုးသမားအက်တီဇီဂီ လက်စွမ်းပြနေလို့ ဂိုးမရရှိခဲ့ပါဘူး။ လက်ရှိရလဒ်အတိုင်းပဲ ပွဲပြီးဆုံးသွားခဲ့လို့ ဥရုဂွေးက ဂါနာနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။


#ဂါနာ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား