ရှေ့သို့
Image

ဥရုဂွေးအသင်း ကမ္ဘာ့ဖလားက ထွက်ရလို့ ဆွာရက်ဇ်ငိုနေတဲ့ ပို့စ်ကို like ပေးခဲ့တဲ့ အီဗရာ

2:30 PM, 3 December

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားဟောင်း ပက်ထရစ်အီဗရာကတော့ ကျောင်းတော်ကရန်စရှိခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်ရဲ့ ဥရုဂွေးအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရလို့ ငိုကြွေးနေတဲ့ ပုံတစ်ခုကို ဆိုရှယ်မီဒီယာမှာ like လုပ်ခဲ့တာ တွေ့ရပါတယ်။

တောင်အမေရိကအသင်းဟာ ဂါနာကို ၂-၀ နဲ့ အနိုင်ရခဲ့သော်လည်း တစ်ချိန်တည်းကစားနေတဲ့ တောင်ကိုရီးယားက ပေါ်တူဂီကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဥရုဂွေးအသင်းဟာ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဒါဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်အတွက်တော့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ဖို့ သေချာနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်းကြီး အီဗရာကတော့ ညှာတာခြင်းမရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်ခံစစ်မှူးဟောင်းဟာ နိုင်ငံအသင်းရဲ့ ကမ္ဘာ့ဖလားကနေ ထွက်ခွာရမှုကြောင့် ငိုကြွေးနေတဲ့ ဆွာရက်ဇ်ရဲ့ပုံကို like လုပ်သွားတာပဲ ဖြစ်ပါတယ်။

ဆွာရက်ဇ်နဲ့အီဗရာတို့ရဲ့ကျောင်းတော်က ရန်စက တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ၂၀၁၁ တုန်းက လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက် ပွဲစဉ်တစ်ခုမှာ အီဗရာကို ဆွာရက်ဇ်က လူမျိုးရေးခွဲခြားတဲ့ စကားမျိုးပြောခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ရာက အစပြုခဲ့ပါတယ်။

နောက်ပိုင်းမှာ FA ကပါ ဥရုဂွေးသားရဲ့ အပြုသဘောမဆောင်တဲ့ လုပ်ရပ်ဟာ ထင်ရှားခဲ့တာကြောင့် ဆွာရက်ဇ်ရဲ့ အယူခံဝင်နေတဲ့ကြားကနေ ၈ ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၄၀၀၀၀ ဒဏ်ရာကြေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုဆိုးတာကတော့ နောက်ရာသီ အိုးလ်ထရက်ဖို့ဒ် ယူနိုက်တက်နဲ့ လီဗာပူးကစားတော့ ဆွာရက်ဇ်က အီဗရာကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိပဲ ပြဿနာပိုကြီးသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာလည်း အီဗရာက ဆွာရက်ဇ်ရှေ့သွားပြီး အကြီးအကျယ်အောင်ပွဲခံခဲ့ပါသေးတယ်။

#အီဗရာ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား #လူးဝစ်ဒီရက်ဇ်