ရှေ့သို့
Image

လက်မခံနိုင်လောက်တဲ့လုပ်ရပ်ကြောင့် ၁၅ ပွဲလောက်ပယ်ခံရနိုင်တဲ့ အက်သလက်တီကိုနောက်ခံလူ ဂျီမီနက်ဇ်

1:23 PM, 5 December

အက်သလက်တီကိုမက်ဒရစ်နဲ့ ဥရုဂွေး နောက်ခံလူ ဂျို့စ်ဂျီမီနက်ဇ်တစ်ယောက် ဂါနာနဲ့ပွဲက လုပ်ရပ်ကြောင့် ဖီဖာရဲ့ဆုံးဖြတ်ချက်ချမှတ်ခဲ့ရင် ၁၅ ပွဲလောက် ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။

စပိန်သတင်းတွေအရ ဂျီမီနက်ဇ်ရဲ့လက်မခံနိုင်လောက်တဲ့လုပ်ရပ်ကြောင့် ၁၅ ပွဲလောက်ပယ်ခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ အခြားဖြစ်ရပ်တွေကိုလည်း ပြန်လည်ကြည့်ရှုဖွယ်ရှိနေပြီး ထင်ရှားခဲ့ရင် အသက် ၂၇ နှစ်သားအနေနဲ့ ဘောလုံးလောကနဲ့ဝေးကွာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ၁၅ ပွဲပယ်ခံရမှာက နိုင်ငံတကာပွဲစဉ်လား ကလပ်အသင်းပွဲစဉ်လားဆိုတာ မသိရသေးတာဖြစ်ပါတယ်။

#ဂါနာ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား #ဂျီမီနက်ဇ်