ရှေ့သို့
Image

ရွှေဆွဲကြိုးကြီးနဲ့ ဘောလုံးဝင်ကန်ခဲ့တဲ့ ကွန်ဒီအပေါ် အကြီးအကျယ်ပေါက်ကွဲနေတဲ့ နည်းပြ ဒက်စ်ချမ့်

3:33 PM, 9 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်း အဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ ပိုလန်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင် ပြင်သစ်အသင်းက ပိုလန်အသင်းကို ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့ပေမဲ့ ပွဲချိန်အတွင်း ရွှေဆွဲကြိုးကြီးဝတ်ကာ ဝင်ရောက်ကစားခဲ့တဲ့ ဘာစီလိုနာ နောက်တန်းလူ ကွန်ဒီရဲ့ အပြုအမူနဲ့ ပက်သက်လို့ နည်းပြ ဒက်စ်ချမ့်က အကြီးအကျယ်ဒေါသထွက် ပေါက်ကွဲနေခဲ့တာပဲ ဖြစ်ပါတယ်။

ကွန်ဒီအနေဖြင့် ပိုလန်အသင်းနဲ့ ကစားရမယ့် ၁၆သင်းအဆင့်ပွဲစဉ်အတွင်း ဆန်းပြားတဲ့ အဆိုပါလုပ်ရပ်ကြောင့် ပထမပိုင်း ပွဲကစားချိန် ၄၂မိနစ် အရောက်မှာ ကွင်းလယ်ဒိုင်လူကြီး ဖြစ်သူမှ သတိထားမိကာ ပြန်လည်သိမ်းဆည်းစေခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် အဝါကဒ်ပြစ်ဒဏ်ကို လက်ခံရယူခဲ့ရခြင်းမရှိတာ ဖြစ်သလို အကယ်လို့သာ ကွန်ဒီအနေဖြင့် အဝါကဒ်ပြသခံရပါက အခြားပွဲစဉ်မှ အဝါကဒ် တစ်ကဒ်ဖြင့် ပေါင်းကာ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်ကစားခွင်ကနေ လွဲချော်စေမှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ နောက်တန်း ကစားသမားရဲ့ အပြုအမူဟာ ပြင်သစ်နည်းပြ ဒက်စ်ချမ့် အတွက်တော့ စိတ်အနှောက်ယှက်ဖြစ်စေခဲ့တာ ကြောင့် အကြီးအကျယ်ဒေါသထွက်ကာ အဝတ်စားလဲခန်းအတွင်းမှာ ဆူပူမှု ပြလုပ်ခဲ့သေးတာလည်း ဖြစ်ပါတယ်။

ကွန်ဒီရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး နည်းပြ ဒက်စ်ချမ့်က“သူ့မှာ ဒါမျိုးလုပ်နိုင်တဲ့ အခွင့်အရေးမရှိပါဘူး။ ပြီးတော့ သူဘာကြောင့် အခုလိုမျိုး ဆွဲကြိုးဝတ်ဆင်လာခဲ့လည်း ဆိုတာမသိရပေမဲ့ ဂျူ့ဒ်က လေ့ကျင့်ရေး ကွင်းအတွင်းမှာလည်း ဒီအတိုင်းပါပဲ။ ဆန်းဆန်းပြားပြားတွေ သိပ်လုပ်ချင်တတ်ပါတယ်” “ပွဲကစားတဲ့ အခါမှာတော့ သူရဲ့ ရွှေဆွဲကြိုးကြီးကို ချွတ်ထားမယ် ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူဒါမျိုး မလုပ်ခဲ့ပါဘူး”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ပြင်သစ် #ပိုလန် #ဒက်စ်ချမ့် #ကွန်ဒီ #၂၀၂၂ကမ္ဘာ့ဖလား