ရှေ့သို့
Image

လိုရစ် အနားယူပါက ပြင်သစ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားဖို့ ဆန္ဒရှိနေတဲ့ မက်ပီ

12:32 PM, 21 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ကမ္ဘာ့ဖလားချန်ပီယံ ဆုဖလားကို ၂ကြိမ်ရယူထားခဲ့တဲ့ အာဂျင်တီးနားအသင်းက ပြင်သစ်အသင်းကို အနိုင်ကစားကာ ၃ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံအဖြစ် သမိုင်းရေထိုးနိုင်ခဲ့တာ ဖြစ်ပေမဲ့ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလား ၂ကြိမ်ဆက် ချန်ပီယံဖြစ်ခွင့်ကနေ လွဲချော်ခဲ့ရတာဖြစ်ပြီး  ပြိုင်ပွဲတစ်လျှောက်ထိပ်တန်းခြေစွမ်းကောင်းတွေ ပြသကာပြင်သစ်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ တောက်လျှောက် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား မက်ပီက ဟူဂိုလိုရစ် အနားယူပါက ပြင်သစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

ကမ္ညာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ကာ ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းကို ၂ကြိမ်ဆက်ချန်ပီယံ ဖြစ်စေဖို့ နီးစပ်ခဲ့ပေမဲ့ အာဂျင်တီးနား အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလား လက်လွဲရအပြီးမှာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၈ဂိုးသွင်းယူနိုင်ခဲ့တဲ့ မက်ပီကတော့ ရွှေဖိနပ်ဆု ချီးမြှင့်ပေးအပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အတွင်းမှာလည်း မိနစ် ၁၂၀အတွင်းမှာ သွင်းဂိုး ၃ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အထူးတလည် ချီးကျူးပြောဆိုမှုတွေကို ခံယူနေရတဲ့ မက်ပီက ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်း ပဲရစ်မြို့ကို ပြန်လည်ရောက်ရှိလာချိန်မှာလည်း ငွေတံဆိပ်ဆုသာ ရရှိခဲ့ရတဲ့အပေါ် မပျော်မရွှင်ဖြစ်နေပြီး ထပ်မံတိုက်ပွဲဝင်သွားလိုဟန်ကို အထင်သား မြင်တွေ့ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

မန်ဒိုဒီပိုဒီပို့စ် သတင်းဌာနရဲ့ဖော်ပြချက်အရ မက်ပီအနေဖြင့် ပြင်သစ်အသင်းရဲ့ တော့တင်ဟမ်ဝါရင့် ဂိုးသမားဖြစ်သူ ဟူဂိုလိုရစ် အနားယူသွားပါက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူလို့တဲ့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

#ပြင်သစ် #လိုရစ် #မက်ပီ #၂၀၂၂ကမ္ဘာ့ဖလား