ရှေ့သို့
Image

ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားဖိုင်နယ်တွင်ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းရဲ့ လေ့ကျင့်ရေးသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ အမ်ဘာပီ

9:48 AM, 22 December

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ဖိုင်နယ်ပွဲစဉ်ရဲ့ မိနစ် ၈၀ လောက်ဟာ အာဂျင်တီနားအတွက် အတော်လေးလွယ်ကူခဲ့ပုံရပြီး မက်ဆီနဲ့ ဒီမာရီယာတို့ဟာ ပထမပိုင်းမှာ ဂိုးတွေသွင်းယူခဲ့ပြီး ပွဲကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း ပွဲပြီးခါနီး ၁၀ မိနစ်အလိုမှာတော့ အမ်ဘာပီရဲ့ လျင်မြန်စွာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် အချိန်ပိုဆက်ကစားခဲ့ရတာဖြစ်ပါတယ်။


အချိန်ပို မိနစ် ၃၀ တွင် မက်ဆီဟာ သူ့ရဲ့ဒုတိယမြောက်သွင်းဂိုးကို သွင်းယူခဲ့ပြီး အမ်ဘာပီကလည်း ပင်နယ်တီကတဆင့်သွင်းယူခဲ့တာကြောင့် ၅၆ နှစ်အတွင်း ဖိုင်နယ်တွင် ဟက်ထရစ်သွင်းယူတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။


ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ အာဂျင်တီးနားဂိုးသမားရဲ့ လက်စွမ်းပြသမှုကြောင့် ပြင်သစ်အသင်းဟာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ကမ္ဘာ့ဖလားကို ရရှိခဲ့တာတောင် အမ်ဘာပီကသူ့ကိုယ်သူ အမှောင်ခန်းထဲမှာ ခတ္တမျှနေခဲ့ပြီး ထွက်လာခဲ့ခြင်းမရှိတာကို အားလုံးလည်းနားလည်ကြမှာပါ။


အထူးသဖြင့် ကလပ်အသင်းဖော်ဖြစ်တဲ့ မက်ဆီရဲ့အာဂျင်တီးနားကို ဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့သော်လည်း အမ်ဘာပီဟာ ရွှေဖိနပ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။


သူ့အတွက် အဆိုးဆုံးကတော့ ကမ္ဘာ့ဖလားကြီးနှင့် မြို့တော် ဘူနိုအေးရီစ်တွင် အောင်ပွဲခံရာတွင်ပြိုင်ဘက်ဂိုးသမား မာတီနက်ဇ်နှင့် အာဂျင်တီးနားပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။


အစောပိုင်းသတင်းတွေအရ လေ့ကျင့်ရေးသို့ မပြန်မီ ၁၀ ရက်လောက် နားရက်ယူမယ်လို့ သိရှိရသော်လည်း ကလပ်သို့ စောစောပြန်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


ကာတာကမ္ဘာ့ဖလားဖိုင်နယ်တွင် ရှုံးနိမ့်ပြီး အကြိမ်းဖျင်းအားဖြင့် နာရီ ၆၀ အတွင်းမှာ ကလပ်သို့ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့မွေးနေ့ပွဲကို ဆင်နွှဲကာ အဲ့ဒီနောက် ကလပ်သို့ ပြန်သွားခဲ့တာဖြစ်ပါတယ်။


ဒါကြောင့် တိုက်စစ်မှုးဟာ လိဂ်ပွဲတွေကစားဖို့အတွက် ပြင်နေတဲ့ ဂယ်လ်တီယာရဲ့ အသင်းနှင့်အတူ ရက်သတ္တပတ်အတွင်း လေ့ကျင့်ခန်းပြန်ဆင်းတော့မှာဖြစ်ပါတယ်။


ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့အဆင့် ၁နေရာတွင် ရပ်တည်နေပြီး အနီးကပ်ဆုံးပြိုင်ဘက်အသင်းကို ၅ မှတ်ဖြတ်ထားကာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ပွဲစဉ်တွေကို ပြန်လည်ကစားရတော့မှာဖြစ်ပါတယ်။


အဆိုပါပွဲကိုကစားဖို့ မက်ဆီကတော့ အချိန်မီပြန်ရောက်လာနိုင်ဖွယ်မရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်စစ်မှုးဟာ အာဂျင်တီနားရှိ သူ့ရဲ့အိမ်မှာ အလုပ်တွေရှုပ်နေတာဖြစ်ပါတယ်။


မက်ဆီရဲ့စံပြမှုကတော့ လူငယ်ကစားသမားတွေ သေချာပေါက်လိုက်နာရမယ့် အပြုအမူတစ်ခုဖြစ်ပြီး ဒီလိုခေါင်းဆောင်မှုအရည်အချင်းကို ပြသခဲ့တာက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။


ဖိုင်နယ်ပွဲစဉ်ရဲ့ ပထမပိုင်းက ဗီဒီယိုတွင် သူ့ရဲ့အသင်းက ၂ ဂိုးဖြင့် ဦးဆောင်ခြင်းကိုခံထားရတာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက် ဘယ်လောက်အထိသူ့ရဲ့စိတ်အားထက်သန်မှုကို ပြသခဲ့တာဖြစ်ပြီး အသင်းဖော်တွေကို စိတ်အားတက်ကြွစေဖို့ စကားတွေပြောခဲ့တာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #မက်ပီ