ရှေ့သို့
Image

ကမ္ဘာ့ဖလားရလဒ်ကို မေ့ထားပြီး ပီအက်စ်ဂျီအသင်း အတွက် အားစိုက်ကစားသွားမယ့်အကြောင်း ဖွင့်ဟလိုက်တဲ့ မက်ပီ

1:51 PM, 29 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် ကမ္ဘာ့ဖလား ၂ကြိမ်ချန်ပီယံအသင်းတွေဖြစ်တဲ့ အာဂျင်တီးနား အသင်းနဲ့ ပြင်သစ်အသင်းတို့ ကစားကြတဲ့ပွဲစဉ်တွင် အာဂျင်တီးနား အသင်းက ပြင်သစ်အသင်းကို အနိုင်ကစားပြီး တတိယအကြိမ်မြောက် ချန်ပီယံဆုကို ကိုင်မြောက်သွားနိုင်ခဲ့တာဖြစ်ပြီး ပွဲစဉ်အတွင်း ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြ ကစား နိုင်ခဲ့တဲ့ မက်ပီအနေဖြင့် ၂ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခွင့်ကနေ လွဲချော်ခဲ့ရတဲ့ အပေါ် စိတ်မကောင်းဖြစ်ရပေမဲ့ ပီအက်စ်ဂျီအသင်း အတွက် အကောင်းဆုံးကြိုးစား ကစားသွားမှာ ဖြစ်တဲ့အကြောင်း ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ည (ဗုဒ္ဓဟူး ည)မှာ ကစားခဲ့ကြတဲ့ ပီအက်စ်ဂျီအသင်းနဲ့ စထရာဘော့အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပီအက်စ်ဂျီ အသင်းက ပွဲကစားချိန် ၁၄မိနစ်မှာ သွင်းယူခဲ့တဲ့ အဓိကဗဟိုနောက်တန်း ကစားသမား မာကွင်ဟိုစ်ရဲ့ သွင်းဂိုးအပြင် ၉၀+၆မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမား မက်ပီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ဂိုး - ၁ဂိုးရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့တာ ဖြစ်ပြီး အခြားကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ နေမာက ပွဲကစားချိန် ၆၂မိနစ် အရောက်မှာ ဟန်ဆောင်လှဲချခဲ့တာကြောင့် ၂ဝါ၁နီဖြင့် အနီကဒ်ပြစ်ဒဏ် ထိခဲ့တာလည်း ဖြစ်ပါတယ်။

ဘရာဇီးစတားအနေဖြင့် အနီကဒ်ပြစ်ဒဏ်ကြောင့် လာမယ့် ခရစ်နှစ် နှစ်ဆန်းတစ်ရက်နေ့မှာ ကစားမယ့် လန်းစ်အသင်းနဲ့ ပွဲစဉ်ကို ဝင်ရောက်ကစားခွင့်ရမှာ မဟုတ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်လည်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်း အတွက် အရေးပါတဲ့ အနိုင်သွင်းဂိုးကို ရှာဖွေပေးလိုက်နိုင်တဲ့ မက်ပီအတွက် စထရော့ဘော့အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က အပေါင်းလက္ခဏာဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရလဒ်ဆိုးကို မေ့ထားပြီး ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံး ကြိုးစားကစားသွားမယ့်အကြောင်းကို မက်ပီက“ပြောချင်တဲ့ အကြောင်းအရာကတော့ ရှင်းပါတယ်။ နိုင်ငံအသင်းနဲ့ ဖြစ်ခဲ့တဲ့အရာက ပီအက်စ်ဂျီအသင်းနဲ့ ပက်သက်မှု မရှိပါဘူး။ အကောင်းဆုံးကြိုးစားကစားပြီး ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ပဲရစ်မြို့ရှိရာကို ဆုဖလားတွေ များစွာ ရောက်ရှိလာဖို့ စွမ်းဆောင်သွားမှာပါ” “ကမ္ဘာ့ဖလားမှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်က ပီအက်စ်ဂျီအသင်းနဲ့ သက်ဆိုင်မှု မရှိတာကြောင့် ဒီအချိန်မှာ ပီအက်စ်ဂျီအသင်းအတွက်သာ စိတ်နှစ်ကစားသွားမှာပါ”လို့ စထရာဘော့အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #လီဂူးဝမ်း #မက်ပီ