ရှေ့သို့
Image

ပေးဂိုး ပေးလိုက်ရပြီးတဲ့နောက် အသင်း ၁ သင်းဆိုတာကို သက်သေပြခဲ့ပါတယ် - ဘာနာဒို ဆေးလ်ဗား

1:53 PM, 13 October

ဘာနာဒို ဆေးလ်ဗားဟာ ယခုအပတ် ကြာသပတေးနေ့က နိုင်ငံတကာ လိဂ်ပွဲစဉ်တွင် ပိုလန်အသင်းကို ၃-၂ ရလဒ်နဲ့ စိုးမိုးနေခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ကစားဟန်ကို သဘောကျလျက် ရှိပါတယ်။

နည်းပြ ဆန်းတို့စ်ရဲ့ ပေါ်တူဂီအသင်းဟာ ပိုလန်အသင်းရဲ့ ဦးဆောင်ခြင်းကို ခံနေခဲ့ရပေမဲ့လည်း အန်ဒရီ ဆေးလ်ဗားရဲ့ သွင်းဂိုး နှင့် ကာမီလလ် ဂလစ်ရဲ့ ကိုယ့်ဂိုးကို သွင်းဂိုးတို့နဲ့ ချေပဂိုး ရရှိခဲ့ပါတယ်။

ဒါ့အပြင်၊ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ ဒုတိယပိုင်းတွင် ၃ ဂိုးမြောက် သွင်းယူခဲ့တဲ့အတွက် ပွဲပြီးဆုံးခါနီးမှ ပိုလန်အသင်းရဲ့ နောက်ထပ် သွင်းဂိုး ၁ ဂိုးက နှစ်သိမ့်ဂိုးသာ ဖြစ်.သွားခဲ့ပါတယ်။

ဘာနာဒို ဆေးလ်ဗားက ပိုလန်အသင်းက အားကောင်းကောင်းနဲ့ စတင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်တို့က ပြိုင်ပွဲအစမှာ အထူးသဖြင့် ၁၅ မိနစ် အတွင်းမှာ အကောင်းဆုံး အနေအထားကို မရခဲ့ပါဘူး။

“ဒါပေမယ့် ပေးဂိုး ပေးလိုက်ရပြီးတဲ့နောက် ကျွန်တော်တို့က အသင်း ၁ သင်း ဆိုတာကို သက်သေပြခဲ့ပါတယ်။ ကျွန်တော်တို့က စိုးမိုးနေခဲ့ပါတယ်။ ပိုလန်အသင်းတွက် ခက်ခဲတဲ့ အရာတွေကို ဖန်တီးခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၇၀ မတိုင်ခင် အထိ ကျွန်တော်တို့က အသာစီးနေခဲ့ပါတယ်”

ပြီးတော့၊ ပိုလန် အိမ်ကွင်းမှာ ကစားရတာ ကျွန်တော်တို့အတွက် အခက်အခဲရှိတော့မှာကို ကျွန်တော်တို့ သိခဲ့ရပါတယ်။

“သူတို့က ကျွန်တော်တို့ရဲ့ ခံစစ်ကို ဖိအား များစွာ ပေးခဲ့ပါတယ်။ ဒါပေမယ့်၊ နောက်ဆုံးတော့ ကျွန်တော်တို့က စွမ်းဆောင်ရည် သာနေခဲ့ပါတယ်။ ရလဒ်အရ ဒါက အရမ်းကို အရေးကြီးတဲ့ နိုင်ပွဲပါ” လို့ ပြောခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အီတလီအသင်းပါဝင်တဲ့ အသင်း ၃ သင်းပါ အုပ်စုတွင် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
#မန်စီးတီး #ဘာနာဒို