ရှေ့သို့
Image

ပထမဆုံး ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ လူးဝစ်ဆွာရက်ဇ်

1:41 PM, 18 January

ဂရီမီယိုအသင်း တိုက်စစ်မှူးသစ် လူးဝစ်ဆွာရက်ဇ်တစ်ယောက် အသင်းသစ်နဲ့ ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးသားဟာ ငယ်ဘဝကလပ် နေဆီယွန်နယ်အသင်းကို ချန်ပီယံဆုရယူပေးခဲ့ပြီးနောက် အခုလတုန်းက ဘရာဇီးကလပ်ကိုပြောင်းခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားဟာ ဂရီမီယိုအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အခု ရီကိုပါအသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲဦးထွက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွာရက်ဇ်အတွက် အခုဟက်ထရစ်က ၁၀ နှစ်အတွင်း ပထမပိုင်း ဟက်ထရစ်ဖြစ်လာခဲ့ပြီး ယခင် ၂၀၁၃ တုန်းက နောဝစ်ချ်နဲ့ပွဲမှာ လီဗာပူးအတွက် အခုလိုမျိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

#ဆွာရက်ဇ် #ဥရုဂွေး