ရှေ့သို့
Image

EFL ဖလားဖိုင်နယ်ပွဲစဉ်ကြောင့် ကက်စ်မဲရိုးရဲ့ အနီကဒ်ပြစ်ဒဏ်ကို အယူခံမဝင်ဖို့ ယူနိုက်တက်အား သတိပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

11:16 AM, 7 February

အက်ဖ်အေက ပွဲပယ်မှုကိုနောက်ထပ်တစ်ပွဲ တိုးလိုက်နိုင်ကာ EFL ဖလားပွဲကို လွဲချော်သွားမှာကို စိုးရိမ်မိတာကြောင့် ကက်စ်မဲရိုးရဲ့ အနီကဒ်ပြစ်ဒဏ်ကို အယူခံမဝင်ဖို့ နဗီးလ်က ယူနိုက်တက်ကို သတိပေးလိုက်ပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ ကက်စ်မဲရိုးရဲ့ အနီကဒ်ပြစ်ဒဏ်အပေါ် ယူနိုက်တက်အနေနဲ့ အယူခံဝင်ဖို့ စဉ်းစားနေကြောင်း တန်ဟက်က အတည်ပြုထားပါတယ်။

အန်တိုနီနှင့် ရှလက်ပ်တို့ရဲ့ ရန်ပွဲတွင် ပါဝင်ခဲ့ပြီးနောက် VAR Monitor ကို ကြည့်ရှုပြီး အကြံပေးခြင်းခံခဲ့ရတဲ့ ကွင်းလယ်ဒိုင်ဟာ ဘရာဇီးနိုင်ငံသားကို တိုက်ရိုက်အနီကဒ်ပြကာ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ကစားသမားနှစ်ဦးကြား ဖြစ်ခဲ့တဲ့ပြဿနာက မရှင်းလင်းသော်လည်း ဗီဒီယိုထဲမှာတော့ ကက်စ်မဲရိုးရဲ့လက်နှစ်ဖက်ဟာ ပဲလေ့စ်ကွင်းလယ်ကစားသမား ဝီလ်ဟုဂျ်ရဲ့ လည်ပင်းနားသို့ ရောက်နေတာဖြစ်ပါတယ်။

အနီကဒ်ကြောင့် ကက်စ်မဲရိုးဟာ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ လိဒ်စ်နှင့်ဆက်တိုက်ကစားရမယ့် ၂ ပွဲ၊ လက်စတာနှင့်ပွဲ တို့မှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

လိဂ်ပွဲစဉ်အဖြစ် လိဒ်စ်နှင့် ၂ ကျော့ ၊ လက်စတာနှင့် ကစားပြီးနောက် ယူနိုက်တက်ဟာ နောက်ထပ်ပြည်တွင်းပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ EFL ဖလား ဖိုင်နယ်ပွဲကို နယူးကာဆယ်နှင့် ကစားရမှာဖြစ်ပါတယ်။

ကလပ်ရဲ့ အယူခံဝင်မှုကို အက်ဖ်အေအနေနဲ့ ပယ်ချခဲ့ပါက ကစားသမားရဲ့ ပွဲပယ်ခံရမှုက တိုးသွားနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း မျှတဲ့ကိစ္စတစ်ခုလို့ စဉ်းစားပေးမယ်ဆိုရင်တော့ အပိုပွဲပယ်မှုမရှိဘဲ ဆုံးဖြတ်နိုင်တာဖြစ်ပါတယ်။

"ဒါဟာ ကြမ်းတမ်းတဲ့ အနီကဒ်ဖြစ်တယ်လို့ ကျွန်တော်ထင်ခဲ့ပေမဲ့ ကက်စ်မဲရိုးက စွန့်စားခဲ့တာလို့သူက ပြောတဲ့အခါမှာ တန်ဟက်က ပြီးပြည့်စုံစွာ နိဂုံးချုပ်ခဲ့တာပါ။ ဒီလိုကစားသမားအမျိုးအပေါ် လက်နှစ်ဖက် တင်လိုက်တာက ပြဿနာဖြစ်သွားတာပါ"

"ဘောလုံး ပြန်လည်ရရှိဖို့ကြိုးစားရမှာ သူက အရမ်းကိုကောင်းတဲ့သူဖြစ်ပါတယ်။ သူက အခွင့်ကောင်းလဲ ယူတက်သလို ဖြတ်ထုတ်ရာတွင်လည်း ကောင်းမွန်ပါတယ်။ လက်ရှိအချိန်ထိ သူက ၂ ကြိမ်တော့ရှိပြီဖြစ်ပါတယ်"

"အက်ဖ်အေအနေနဲ့ ပွဲပယ်မှုကို တိုးလိုက်နိုင်တာကြောင့် အယူခံဝင်တာက အရမ်းကို စွန့်စားရာရောက်ပါတယ်"

"ဒါကြောင့် ယူနိုက်တက်က အယူခံမဝင်သင့်ပါဘူး။ သူတို့က လိဒ်စ်နှင့် ဆက်တိုက် ၂ ပွဲ၊ လက်စတာနှင့် ၁ပွဲ ကစားရမှာဖြစ်ပြီး အဲ့ဒီ ၃ ပွဲစလုံးကို သူမပါဘဲ အကောင်းဆုံးကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်"

"ကက်စ်မဲရိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် တန်ဟက်တစ်ယောက်ကတော့ စိတ်ပျက်နေမှာဖြစ်ပါတယ်။ တန်ဟက်အနေနဲ့ ကွင်းလယ်မှာ အဲရစ်ဆင်နဲ့ ကက်စ်မဲရိုး ၂ ဦးစလုံးကို ဆုံးရှုံးထားတာဖြစ်ပါတယ်"

"ယူနိုက်တက်က ကက်စ်မဲရိုး မပါပဲ ၃ ပွဲကစားရမှာဖြစ်ပါတယ်။ သူကလည်ပင်းညှစ်လိုက်တယ်လို့ ကျွန်တော်ကတော့ မထင်မိပါဘူး" လို့ နဗီးလ်က ပြောပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ပေါင်သန်း ၇၀ ဖြင့် ပြောင်းရွေ့လာခဲ့ပြီးနောက် ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ အရေးပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

ပဲလေ့စ်နှင့်ပွဲမှာ ထုတ်ပယ်ခြင်းခံခဲ့ရသော်လည်း ယူနိုက်တက်ဟာ ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးနှင့် ၂ မှတ်ကွာ အနေအထားသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကက်စ်မဲရိုး #ဂယ်ရီနဗီးလ် #ပရီးမီးယားလိဂ်