ရှေ့သို့
Image

မာယော့ကာအား ရှုံးနိမ့်တဲ့ပွဲမှာ ဗီနီဆီးယက်စ်ရဲ့ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရတဲ့အပေါ် စုံစမ်းမှုများပြုလုပ်မယ့် လာလီဂါ

11:18 AM, 7 February

တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ရဲ့ မာယော့ကာအားရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဗီနီဆီးယက်စ်ကို ပစ်မှတ်ထား လူမျိုးရေးခွဲခြားခဲ့မှုအပေါ် လာလီဂါက စုံစမ်းမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ရှုံးပွဲအတွင်း ဗီနီဆီးယက်စ်အား လူမျိုးရေးခွဲခြားကာ အောင်ဟစ်သံတွေက ဆိုရှယ်မီဒီယာရှိ ဗီဒီယိုတွင် ကြားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိရာသီ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲမတိုင်ခင်နှင့် ပွဲအတွင်းမှာလည်း သူဟာ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရတာပါ။ ဒီဇင်ဘာလက ဗယ်လာဒိုးလစ်နှင့်ပွဲမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။

တနင်္လာနေ့က လာလီဂါရဲ့ ထုတ်ပြန်ချက်မှာတော့ "မာယော့ကာ - ရီးရဲလ်မက်ဒရစ်ပွဲက ဖြစ်ရပ်အရ ရီးရဲလ်မက်ဒရစ် ကစားသမား ဗီနီဆီးယက်စ်ကို နောက်တစ်ကြိမ် လူမျိုးရေးခွဲခြားခဲ့တာ ဖြစ်ပွားခဲ့ပြီး ထိုကဲ့သို့ ပြုမူခဲ့သူက ဘယ်သူလဲဆိုတာကို စုံစမ်းဖို့အတွက် ပြည်တွင်းကလပ်နှင့်အတူ လုပ်ဆောင်နေကာ ဥပဒေကြောင်းအရေ အရေးယူမှုတွေပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်"

"ဖြစ်ပျက်ခဲ့တဲ့အပေါ်လာလီဂါက ပြတ်ပြတ်သားသား ရှုတ်ချပြီး ပြီးခဲ့တဲ့ဖြစ်ရပ်တွေအတွက် တိုင်ကြားမှုတွေကို မှတ်သားထားကာ လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်၊ အပြုအမူ ဒါမှမဟုတ် အဖြစ်အပျက်မှန်သမျှကို လုပ်ဆောင်နိုင်တဲ့ဘောင်အတွင်းကနေ ဆက်လက်တိုက်ဖျက်သွားမှာပါ"

"ဒီလိုအဖြစ်အပျက်တွေကို ဖယ်ရှားနိုင်ဖို့၊ ကွင်းအတွင်းသာမက အပြင်မှာပါ အားကစားရဲ့ ကောင်းမွန်တဲ့တန်ဖိုးကို မြှင့်တင်ဖို့ လာလီဂါဟာ နှစ်တွေအများကြီး ကြိုးစားထားတာပါ" လို့ ရေးသားထားပါတယ်။

အဆိုပါအဖြစ်အပျက်တွေကို သိရှိခဲ့မယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ အီးမေးလ်ကနေ တစ်ဆင့်ဆက်သွယ်ပေးဖို့ လိဂ်အနေနဲ့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။

လာလီဂါမှာ လူမျိုးရေးခွဲခြား စော်ကားမှုများတိုက်ဖျက်ရန်အတွက် ဘာမှမလုပ်ပါဘူးလို့ ဒီဇင်ဘာလမှာ ဗီနီဆီးယက်စ်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် လိဂ်ဥက္ကဌဖြစ်သူ ဂျာဗီယာတီဘက်စ်ထံမှ မှတ်ချက်ပေးမှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ဗီနီဆီးယက်စ်ရဲ့ ပြောဆိုမှုကို "မမျှတဘူး၊ မမှန်ကန်ပါဘူး" လို့ တီဘက်စ်က ရေးသားကာ တုန့်ပြန်ခဲ့ပြီး "လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ ကျွန်တော်က နှစ်ပေါင်းများစွာ လုပ်နေတာပါ၊ တည်ညီတဲ့ ဦးတည်ရာကို လျှောက်လမ်းဖို့အတွက် ကျွန်တော်တို့အားလုံးက အတူတူလုပ်ရမှာဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ရီးရဲလ်မက်ဒရစ်ရဲ့ အက်သလက်တီကိုမက်ဒရစ်အား အနိုင်ရရှိခဲ့တဲ့ ကိုပါဒဲရေးဖလားပွဲတွင် ဗီနီဆီးယက်စ်ရဲ့ အင်္ကျီကို ဝတ်ဆင်းပေးထားတဲ့ အရုပ်တစ်ရုပ်ကို စပိန်မြို့တော်ရှိ တံတားတစ်ခုတွင် ချိတ်ဆွဲထားတာတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာတွေ့ခဲ့ရပါတယ်။

ကလပ်နှစ်ဦးလုံးနှင့် CBF တို့က အဆိုပါဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကတော့ လူမျိုးရေးခွဲခြားမှုနှင့် မုန်းတီးမှုတို့ရဲ့ ရွံရှာဖွယ်ရာ လုပ်ရပ်ဖြစ်လို့ ပြောဆိုထားခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗင်နီစီးယက်စ်