ရှေ့သို့
Image

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ မန်စီးတီးကို လှောင်ပြောင်လိုက်တဲ့ ကာရေဂါ

11:20 AM, 7 February

၄ နှစ်တာ စုံစမ်းမှုပြီးနောက်မှာ အင်္ဂလိပ်ချန်ပီယံကို ပရီးမီးယားလိဂ်က စွဲချက်ပေါင်းများစွာဖြင့် တရားစွဲဆိုလိုက်ပါတယ်။

မန်စီးတီးဟာ တိကျမှန်ကန်တဲ့ ဘဏ္ဍာရေးအချက်အလက်တွေကိုပေးအပ်ရန် လိုအပ်တဲ့ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ဥရောပဘောလုံးလောကမှာ မန်စီးတီးဟာ စီးပွားရေးအရ အမြတ်ငွေအများဆုံးရရှိထားကြောင်း မကြာသေးခင်က ပြသထားတဲ့ ကိန်းဂဏာန်းတွေကို ကိုးကားပြီး လီဗာပူးကစားသမားဟောင်း ကာရေဂါက ဟာသလုပ်ထားတာပါ။

"မန်စီးတီးရဲ့ဟာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ယူနိုက်တက်နှင့် လီဗာပူးတို့ထက် အမြတ်ငွေပိုရထားတယ်ဆိုတဲ့အချက်က မမှန်နိုင်ပါဘူး" လို့ သူက တွစ်တာမှာရေးသားထားပါတယ်။

ဒီအဆင့်မှာတုန်းက မန်စီးတီးဟာ စွဲချက်တင်ခံထားရပေမဲ့ ကျူးလွန်ကြောင်း မတွေ့ခဲ့ရတာပါ။

ဒါပေမဲ့ အခုတော့ သူတို့အသင်းဟာ အမှတ်လျော့ခံရခြင်း၊ အပြောင်းအရွှေ့ပိတ်ပင်မှုခံရခြင်း၊ ငွေသုံးစွဲမှု ကန့်သတ်ခံရခြင်း၊ တန်းဆင်းရခြင်းတို့အပြင် အရင်က ရရှိထားတဲ့ ဆုဖလားတွေကို ပြန်လည် ပေးအပ်ရခြင်းအထိပါ ဖြစ်လာနိုင်နေတာပါ။

အဆိုပါစွဲချက်တွေဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အကြား ၉ ရာသီအတွင်း စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ပတ်သက်ပြီး စုံးစမ်မှုတွေကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ ပြန်လည်စတင်ခဲ့ပါတယ်။

ဂျာမန်ဝက်ဆိုဒ်ဖြစ်တဲ့ Der Spiegel ကနေ စာရွက်စာတမ်းကိစ္စပေါက်ကြားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေကို အဓိက နေရာ ၃ ခုမှာ လုပ်ခဲ့ပါတယ်။

ပထမဆုံးစွဲချက်က အသက်မပြည့်သေးတဲ့ ကစားသမားတွေကို ငွေကြေးပေးချေမှုဖြင့် အသင်းနှင့် စာချုပ်ချုပ်ဆိုရန် ဖိအားပေးခြင်းဖြစ်ပါတယ်။

ဒုတိယကတော့ အဘူဒါဘီက စပွန်ဆာတွေထဲက ပေးချေမှုအချို့ကိုသာ ပြသခဲ့ပြီး ကျန်အပိုင်းတွေကို အသင်းပိုင်ရှင် ရှိတ်မန်ဆော်က လျှို့ဝှက်ထားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ နည်းပြဟောင်း မန်ချီနီဟာ ၂၀၁၃ ခုနှစ်တုန်းက ကလပ်က ထွက်ခွာတဲ့အချိန် အတုယောင် စာချုပ်ကနေ ငွေကြေးများစွာ ရရှိခြင်းဖြစ်ပါတယ်။

မန်စီးတီးဟာ ၂၀၁၃ - ၁၄ ၊ ၂၀၁၄ - ၁၅ နှင့် ၂၀၁၇ - ၁၈ တို့ကြားတွင် ကလပ်လိုင်စင်နှင့် ဘဏ္ဍာရေးမျှတမှုဆိုင်ရာ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းများကို လိုက်နာခြင်းမရှိကြောင်း ပရီးမီးယားလိဂ်က ပြောထားတာဖြစ်ပါတယ်။

နောက်ထပ်ချိုးဖောက်မှုတစ်ခုကတော့ ၂၀၁၅-၁၆ ၊ ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ ရာသီတွေမှာ ပရီးမီးယားလိဂ် အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းတွေဖြစ်ပါတယ်။

ဒါအပြင် မန်စီးတီးဟာ စုံစမ်းစစ်ဆေးမှုကို ကူညီဖို့နဲ ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ပရီးမီးယားလိဂ်က စွပ်စွဲထားပါတယ်။

ဘဏ္ဍာရေးမျှတစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ယူအီးအက်ဖ်အေဟာ မန်စီးတီးကို ၂ နှစ် ပိတ်ပင်မှု နှင့် ပေါင် ၂၅ သန်း ဒဏ်ရာရိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အဖြစ်ပျက်တွေဟာ ပေါက်ကြားခဲ့တဲ့စာရွက်စာတမ်းတွေကို ဂျာမန်ဝက်ဆိုဒ်ဖြစ်တဲ့ Der Spiegel မှ ချပြခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ၅ လအကြာမှာတော့ အဆိုပါပြစ်ဒဏ်တွေကို ပေါင် ၉ သန်းအထိ လျော့ချဖို့ အားကစားဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ စုံစမ်းမှုရဲ့ တွေ့ရှိချက်များနှင့် စည်းကမ်းဖောက်ဖျက်မှုအများအပြားကို ကော်မရှင်ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖစ်ပါတယ်။

ကော်မရှင်တွင် ပရီးမီးယားလိဂ်တရားစီရင်ရေးကော်မတီ၏ လွတ်လပ်သော သဘာပတိမှခန့်အပ်တာဝန်ပေးသည့် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ပရီးမီးယားလိဂ်ကလပ်များမှအဖွဲ့ဝင်များ ပါဝင်မှာဖြစ်ပါတယ်။

"ကော်မရှင်၏ ရှေ့မှောက် တရားစွဲဆိုမှုတွေကို ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်း ဒဗယ်လျူ ၈၂ အရ လျှို့ဝှက်ထားပြီး သီးသန့်ကြားနာမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့စည်းမျဉ်း ဒဗယ်လျူ ၈၂.၂ အရ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပရီးမီးယားလိဂ်ဝက်ဆိုဒ်တွင် ထုတ်ပြန်ထားမှာဖြစ်ပါတယ်" လို့ ပရီးမီးယားလိဂ်က ထပ်လောင်းပြောကြားထားပါတယ်။


#မန်စီးတီး #ကာရေဂါ #ပရီးမီးယားလိဂ်