ရှေ့သို့
Image

ဘာစီလိုနာနိုင်ပွဲပြီးနောက် ဆီဗီလာပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ကွန်ဒီ

11:28 AM, 7 February

ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းနဲ့ဒုတိယပိုင်းမှာ ရုန်းကန်ရမယ်လို့ ထင်ခဲ့ရပေမယ့် ဂျော်ဒီအယ်လ်ဘာရဲ့အဖွင့်ဂိုးနဲ့အတူ ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဆီဗီလာနောက်ခံလူဟောင်း ကွန်ဒီက ဘာစီလိုနာအတွက် ပရိသတ်ဟောင်းတွေရှေ့မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ဆီဗီလာအသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရတာဖြစ်ပြီး ပွဲ ၂၀ ကစားပြီးချိန်မှာ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်တုန်းက သူတို့ဟာ ရီးရဲလ်အသင်းရဲ့အနီးကပ်ဆံုံးစိန်ခေါ်သူဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့နေ့နဲ့အတူ ကွန်ဒီက ဘာစီလိုနာဂိုးတွေအတွင်း အောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး ဆီဗီလာပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော် ဒီအကျီကို ဝတ်ဆင်ခွင့်ရခဲ့တဲ့အတွက် အများကြီးကျေနပ်မိပါတယ်။ ပြီးတော့ ဒီအကျီဝတ်ဆင်နေချိန်မှာလည်း အချစ်တွေရခဲ့ပါတယ်။ ဒါကြောင့် ဂိုးတွေအတွက် အောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။

သတိလွတ်သွားတဲ့အခိုက်အတန့်ဖြစ်သွားခဲ့တာကြောင့်လည်းပါပါတယ်။ သူတို့တွေအကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်”လို့ ကွန်ဒီက ပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #ဆီဗီလာ #ကွန်ဒီ