ရှေ့သို့
Image

ကန်ဆယ်လိုရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ခံစားရကြောင်း ဘာနာဒိုဆေးလ်ဗား ပြောကြား

11:32 AM, 7 February

မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းဖော်ဟောင်း ကန်ဆယ်လိုအနေနဲ့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာပြီး စီးတီးကို ပြောင်းဖို့ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ခံစားရကြောင်းပြောကြားလိုက်ပါတယ်။

ကန်ဆယ်လိုဟာ  ဘိုင်ယန်အသင်းထံ ကနဦးအငှား + ရာသီအကုန်မှာ အပြီးသတ်ပေါင် ၆၂ သန်းနဲ့ ခေါ်ယူခွင့်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုက ကန်ဆယ်လိုတစ်ယောက် စီးတီးကနေ ထွက်ခွာသွားတာကို ဝမ်းနည်းနေပေမယ့် ကန်ဆယ်လိုအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“သူ့အတွက် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ပျော်ရွှင်တဲ့ဘဝကို ဆက်ရွေးနိုင်ခဲ့လို့ပါ။ အသင်းအတွက် နဲ့ ကျွန်တော့်အတွက်တော့ ဝမ်းနည်းမိပါတယ်။ ဘာလို့လဲဆိုတော့ သူမပါပဲ ဆက်ကစားရတော့မှာမလို့ပါ။

သူ့ကို ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကြိုက်နှစ်သက်တယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်လိူ့ ကျွန်တော်ထင်ပါတယ်”လို့ ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့အဆင်ပြေခဲ့တဲ့နောက် ကန်ဆယ်လိုတစ်ယောက် အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ရီးရဲလ်အသင်းက ကမ်းလှမ်းခဲ့ပေမယ့် ပေါ်တူဂီသားက ဘိုင်ယန်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ ဘိုင်ယန်အတွက် ကနဦးကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး စနေနေ့မှာကစားမယ့် ဘိုချမ်နဲ့ပွဲမှာလည်း ဆက်လက်ဂိုးဖန်တီးပေးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

#မန်စီးတီး #ဘာနာဒို #ကန်ဆယ်လို