ရှေ့သို့
Image

ယူနိုက်တက်နှင့်ကစားရမည့် ယူရိုပါလိဂ်ပွဲမတိုင်ခင် ဒဏ်ရာရခဲ့တဲ့ဆာဂျီယို ဘက်စ်ကွက်

11:35 AM, 7 February

ဘာစီလိုနာအသင်းသည် ဆီဗီလာအသင်းနှင့်ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ဒဏ်ရာရရှိသွားသော ၎င်းတို၏အသင်းခေါင်းဆောင် ဆာဂျီယို ဘက်စ်ကွက်၏ အခြေအနေကို ဖော်ပြခဲ့ပါတယ်။

ဘက်စ်ကွက်သည် တနင်္ဂနွေနေ့ကပွဲချိန် ၈ မိနစ်တွင် ဆီဗီလာကစားသမား အွန်နီဆီရီနှင့် ဘောလုံးယှဉ်လုချိန်တွင် ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲမှစောစီးစွာထွက်ခွါသွားခဲ့ရပါတယ်။ ၎င်းကွင်းလယ်ကစားသမားနေရာတွင် ဖရန့်ကစ်စီ ဖြင့် အစားထိုးခဲ့ပါတယ်။ စပိန်သားဟာ ဘယ်ဘက်ခြေကျင်းဝတ် ပြင်ပအရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း ကလပ်အသင်းက ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ကလပ်၏ထုတ်ပြန်ချက်တွင် "တနင်္လာနေ့နံနက်တွင် ဆေးစစ်ချက်များအရ ပထမအသင်းခေါင်းဆောင် ဆာဂျီယို ဘတ်စ်ကွက်သည် ၎င်း၏ ဘယ်ခြေကျင်း၏ ပြင်ပအရွတ်တွင်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြန်လည်သက်သာလာသည်အထိ ရွေးချယ်ရန် မဖြစ်နိုင်တော့ပေ။" ဟုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆာဂျီယိုဟာ ဒီရာသီမှာ ဘာစီလိုနာရဲ့ လိဂ်ပွဲ ၂၀ ပွဲနှင့်  အခြားပြိုင်ပွဲ ၉ ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဘတ်စ်ကွက်ရဲ့ ဒဏ်ရာက ဖေဖော်ဝါရီ ၁၅ ရက်မှာ ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့မှာ ကစားရမယ့် ကတ်တလန်အသင်းကြီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ယူရိုပါလိဂ် #ဘက်စ်ကွက်