ရှေ့သို့
Image

ဒဏ်ရာကနေသက်သာပြီး မကြာခင် ကွင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာမည့် ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမား ပူလီဆစ်

11:53 AM, 7 February

ချဲလ်ဆီးအသင်း သည် ပူလီဆစ် ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်းနှင့်ပတ်သက်၍ အပြုသဘောဆောင်သော သတင်းအချက်အလက်များကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမေရိကန်လက်ရွေးစင်ကစားသမားသည် ဇန်နဝါရီ ၅ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ပရီးမီးယားလိဂ်တွေ့ဆုံစဉ် အစောပိုင်းတွင် ဒူးပြဿနာဖြစ်ပွားခဲ့ပြီး အနားယူခဲ့ရခြင်းဖြစ်ပါတယ်။ ပူလီဆစ်သည် ဂရေဟမ်ပေါ်တာ ၏ အစီအစဉ်များကို အချိန်မီ ပြန်လာနိုင်သည်ဟု ဆိုရှယ်မီဒီယာ ပိုစ်တစ်ခုတွင် ရေးသားခဲ့ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှ မူဒရစ်နှင့် မာဒူကီ တို့ကို ခေါ်ယူထားခြင်းကြောင့် စတန်းဖိုဒ်ဘရစ်ချ်တွင် ပွဲထွက်ခွင့်နေရာများအတွက် ပြိုင်ဆိုင်မှုများ ထပ်မံကြုံတွေ့နေရသောကြောင့် ချဲလ်ဆီးအသင်းနှင့် အမြန်ဆုံးပြန်လည်ပူးပေါင်းရန် ပူလီဆစ်သည်စိတ်အားထက်သန်နေသည်ဖြစ်ကြောင်းသိရှိရပါတယ်။

အမေရိကန်ကြယ်ပွင့် ပူလီဆစ်သည် ယခုရာသီတွင် ချဲလ်ဆီးအတွက် ၂၁ ပွဲကစားထားသော်လည်း ပရီးမီးယားလိဂ်ပွဲ ၆ ပွဲသာရှိပြီး  ၂၀၂၂ အောက်တိုဘာလ ၈ ရက် ၌ ဝုဗ်ကို ၃-၀ ဖြင့်အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် သွင်းယူခဲ့သောဂိုး ၁ ဂိုးသာ ရှိကြောင်းသိရပါတယ်။

#ချဲလ်ဆီး #ပူလီဆစ် #ပရီးမီးယားလိဂ်