ရှေ့သို့
Image

ကိုင်စီဒိုနှင့် အခြား ဘရိုက်တန်ကစားသမားများ အာဆင်နယ်သို့ ပြောင်းရွှေ့ရန်ကြိုးပမ်းမှုများကို အသင်းခေါင်းဆောင် လူးဝစ်ဒန့်ခ်တုံ့ပြန်

11:56 AM, 7 February

အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ အီကွေဒေါလက်ရွေးစင်အတွက် ကမ်းလှမ်းမှုနှစ်ခုကို ပယ်ချခံခဲ့ရပြီး ဘရိုက်တန်အသင်းအနေနဲ့ ရောင်းမထုတ်ဘူးလို့ အခိုင်အမာဆိုခဲ့ပါတယ်။

ကိုင်စီဒိုသည် အာတီတာ၏ အာဆင်နယ်အသင်းနှင့်ပူးပေါင်းရန် ဘရိုက်တန်အသင်းမှထွက်ခွါမည့်သတင်းများထွက်ပေါ်နေသော်လည်း ဘရိုက်တန်အသင်းသည် ၎င်းကစားသမားကို မရောင်းချကြောင်းအကြောင်းပြန်ပြီးနောက် အာဆင်နယ်အသင်းသည် နောက်ဆုံးတွင်၎င်းတို၏ ကမ်းလှမ်းချက်များကို စွန့်လွှတ်ပြီး ချဲလ်ဆီးအသင်းမှ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့ပါတယ်။

ကိုင်စီဒိုသည် ဇန်နဝါရီနောက်ဆုံးရက်များအတွင်း ၎င်းဖြစ်ရပ်ဆိုးများ ပေါ်ပေါက်လာသောကြောင့် အသင်းလေ့ကျင့်ရေးမှ ဝေးဝေးနေရန် အမိန့်ထုတ်ခံခဲ့ရပြီး လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော အက်ဖ်အေ ဖလားကို လွဲချော်ခဲ့ပါတယ်။

အဆိုပါကွင်းလယ်ကစားသမားဟာ စနေနေ့က ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအတွက် အရန်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ကလပ်အသင်းခေါင်းဆောင် လူးဝစ်ဒန့်ခ်က ကလပ်တွင် ကစားသမား၏အနာဂတ်နှင့် ပတ်သက်၍ မရေရာသေးကြောင်း ဝန်ခံသော်လည်း ပရိသတ်များနှင့် ၎င်း၏အသင်းဖော်များက သူ့အနားတွင် ရပ်တည်နေခြင်းသည် မှန်ကန်သည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

လူးဝစ်ဒန့်ခ်က TalkSPORT သို ပြောကြားရာတွင် 'ဒါက သူ့အတွက် ခက်ခဲတဲ့ အခြေအနေဖြစ်ပြီး ဘောလုံးလောကမှာ ဒီလိုတွေ ဖြစ်ခဲ့တာ အများကြီးရှိပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်သလို ဘောလုံးအသင်းတစ်သင်းမှာ ကစားသမားတွေ အတွက် နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ သူက ငယ်ငယ် ရွယ်ရွယ်နဲ့ ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။

'ကျွန်တော်တို့ သူ့နဲ့ ဘယ်လောက် ကြာကြာရှိနေနိုင်မယ် ဆိုတာဘယ်သူသိနိုင်မလဲ ၊ အနည်းဆုံး ရာသီလက်ကျန် ကာလအထိ ရှိပေးတာကိုကျေးဇူးတင်သလို ဒီထက်ပိုကြာကြာရှိနေဖို့လည်းမျှော်လင့်ပါတယ်။

''ဒါဟာ ကလပ်ရဲ့ ကြီးမားတဲ့ ထုတ်ပြန်ချက်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ဟာ ကစားသမားတွေကို ပိုကြီးတဲ့အသင်းတွေဆီ ရောင်းချခဲ့ပေမယ့် သူ့ကို ဆက်ထားချင်ကြောင်း ပြသဖို့ ကောင်းမွန်တဲ့ ကြေညာချက်တစ်ခုလို ကျွန်တော်ထင်ပါတယ်။”ဟု အသင်းခေါင်းဆောင် လူးဝစ်ဒန့်ခ်ကပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားသည် ဘရိုက်တန် တွင်ရာသီပြီးဆုံးချိန်ထိရှိမည်ဖြစ်သော်လည်း ကိုင်စီဒို ၏အေးဂျင့်သည်ပြီးခဲ့သည့်အပတ်ကဘရိုက်တန်၏လမ်းစဉ်အတိုင်းရပ်တည်ရန်ဆုံးဖြတ်ချက်ကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။

"အာဆင်နယ်ရဲ့ကမ်းလှမ်းချက်တွေကို လက်ခံရရှိခဲ့တယ်၊  ဒါဟာ သူ့ဘဝတစ်ခုလုံးရဲ့ အိမ်မက်ပါပဲလို့" ဘရိုက်တန် က သူရှေ့ဆက်တိုးတက်သွားချင်တယ်လို့ပြောခဲ့ပါတယ်။

ကိုင်စီဒို ၏အေးဂျင်ဖြစ်သူ မန်နူရယ်ဆီရာ က 'အာဆင်နယ်ရဲ့ကမ်းလှမ်းချက် ဟာ ဘဝမှာ ထပ်ခါတလဲလဲမရနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ' လို ပြောကြားခဲ့ပါတယ်။

#ဘရိုက်တန် #ပရီးမီးယားလိဂ် #ကိုင်စီဒို