ရှေ့သို့
Image

ကာတာလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူမယ့် ကားလို့စ်ကွီရော့ဇ်

4:06 PM, 7 February

လစ်လပ်နေတဲ့ ကာတာလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ပေါ်တူဂီလူမျိုးနည်းပြ ကားလို့စ်ကွီရော့ဇ်ကို ခန့်အပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကာတာဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့် ကာတာအသင်းဟာ အုပ်စုအဆင့်မှာပဲ ထွက်ခွာခဲ့ရပြီးနောက် ကာတာဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြဖီးလစ်ဆန်းချက်ဇ်တို့အကြား နှစ်ဖက်သဘောတူညီမှုအရ စာချုပ်သက်တမ်းဆက်မတိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပေါ်တူဂီအခြေစိုက် DN မဂ္ဂဇင်းရဲ့အဆိုအရ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ် အပါအဝင် နည်းပြအတော်များများကို ကာတာအသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ ကားလို့စ်ကွီရော့ဇ်ကိုသာ တာဝန်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက်-၆၉ နှစ်အရွယ်နည်းပြဟာ အာရှဘောလုံးလောကမှာ အတွေ့အကြုံကြွယ်ဝသူဖြစ်ပြီး ယူအေအီးအသင်းနဲ့ အီရန်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ အချက်အလက်တွေအရ အီရန်အသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ် ကွီရော့ဇ်က ပွဲ ၁၀၀ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲ ၆၀ ရရှိတဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် အီရန်အသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့လက်အောက်မှာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အဖြစ် ဝေးလ်ကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် အင်္ဂလန်နဲ့ အမေရိကန်ကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပါတယ်။

ကာတာလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီးနောက် ၂၀၂၃ အာရှဖလားပြိုင်ပွဲကို လက်ရှိချန်ပီယံအဖြစ် နိုင်ငံတွင်းမှာ ဧည့်ခံကျင်းပသွားရဖို့ ရှိပါတယ်။

https://www.goal.com/en/news/formal-portugal-coach-carlos-queiroz-takes-charge-of-qatar-national-team/blt1ac05e4174f13713

#ကာတာ