ရှေ့သို့
Image

ဖီဖာအကောင်းဆုံးဘောလုံးသမားဆုဆန်ခါတင်စာရင်းမှာ မက်ဆီ၊ အမ်ဘာပေနဲ့ ဘန်ဇီးမားတို့ ပါဝင်

5:47 PM, 26 February

လာမယ့်တနင်္လာနေ့မှာ ချီးမြှင့်မယ့် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်ခဲ့ရာမှာ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲရောက်ရှိခဲ့တဲ့ မက်ဆီ၊ အမ်ဘာပေနဲ့ ရွှေဘောလုံးဆုရှင် ဘန်ဇီးမားတို့ ပါဝင်လာခဲ့ပါတယ်။


အာဂျင်တီးနားသားတို့အတွက် နှစ်ပေါင်းများစွာမျှော်လင့်ခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ဦးဆောင်ပေးခဲ့တဲ့ မက်ဆီက ပဲရစ်မှာကျင်းပမယ့်အခမ်းအနားအတွင်း ဖီဖာမှ ချီးမြှင့်မယ့်ဒီဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။


ပြီးခဲ့တဲ့နှစ်နှစ်ဆက် ဒီဆုအတွက် လီဝန်ဒေါစကီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ မက်ဆီက ဒီနှစ်မှာတော့ ကလပ်အသင်းဖော်အမ်ဘာပေ၊ ရီးရဲလ်မက်ဒရစ်

တိုက်စစ်မှူး ဘန်ဇီးမားတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။


ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို ဖီဖာအဖွဲ့ဝင်နိုင်ငံ့လက်ရွေးစင်အသင်းတွေရဲ့ နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေက မဲပေးရွေးချယ်မှာဖြစ်သလို ပရိသတ်တွေမှာ မဲပေးခွင့်ရှိနေပါတယ်။

အမ်ဘာပေကလည်း ၁၉၆၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂျော့ဟတ်စ်နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို  ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၈ ဂိုးအထိ သွင်းယူပေးပြီး ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။


နယ်သာလန်ဂန္တဝင်ကစားသမားဟောင်း ရုဒ်ဂူးလစ်က " မက်ဆီက ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တာကြောင့် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် အကြီးမားဆုံးအခွင့်အလမ်းတစ်ခုရရှိနေပါတယ်။ 

ဒါပေမယ့် ကျွန်တော့်အနေနဲ့ အမ်ဘာပေအပေါ်မှာလည်း လေးစားမှုတွေရှိပါတယ်။ ကျွန်တော့်အတွက်ဆိုရင် မက်ဆီနဲ့ အမ်ဘာပေက အဆင့်ချင်းအတူတူပါပဲ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ သူထမ်းဆောင်ခဲ့ရတဲ့ တာဝန်တွေနဲ့ လုပ်ပြနိုင်ခဲ့တဲ့ အရာတွေက မယုံကြည်နိုင်လောက်စရာပါ" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်ခဲ့ပြီး အခုဆန်ခါတင်စာရင်းမှာပါဝင်လာတဲ့ ဘန်ဇီးမားက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံးဦးဆောင်ပြီး ချန်ပီယံလိဂ်၊ လာလီဂါဆုဖလားတွေကို သိမ်းပိုက်ခဲ့ပါတယ်။


#ဖီဖာ #ဘန်ဇီးမား #မက်ဆီ #မက်ပီ