ရှေ့သို့
Image

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ၃ ဦးဟာ ချန်ပီယံလိဂ်မှာ ကံမကောင်းခဲ့ဘူးလို့ ပလာတီနီ ခံစားနေရ

9:13 AM, 15 March

ပြင်သစ်နည်းပြဟောင်း ပလာတီနီက မက်ဆီ ၊ မက်ပီ နဲ့ နေမာတို့ဟာ အတူတူတွဲကစားနိုင်ပေမယ့် ချန်ပီယံလိဂ်မှာ ကံကောင်းဘူးဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီမှာ သူတို့ ၃ ဦးဟာ တစ်သီးချင်းထက် အသင်းအစုအဖွဲ့အနေနဲ့ ကစားနိုင်စွမ်းမရှိဘူးလို့ မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်နည်းပြဟောင်း ပလာတီနီက ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့အပေါ် ဒါက ဘောလုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့ ဥရောပဖလားရခဲ့တဲ့ ပလာတီနီက “မှန်ပါတယ်။ မက်ဆီ ၊ မက်ပီနဲ့ နေမာတို့ အတူတူတွဲကစားနိုင်ပါတယ်။ ကျွန်တော် တစ်ယောက်ကို ပဲရစ် ၊ တစ်ယောက်ကို မာဆေးလ်နဲ့ တစ်ယောက်ကို လိုင်ယွန်မှာ မြင်ချင်ပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့ တိုက်ပွဲဝင်နေသလိုပေါ့။ ဒါပေမယ့် အခုကသူတို့ ၃ ဦးစလုံးတစ်သင်းတည်းမှာ ရှိနေတာပါ။  ပီအက်စ်ဂျီအတွက် ကစားပေးနေတာကို မြင်ရတာ အံ့သြဖို့ကောင်းပါတယ်။

ချန်ပီယံလိဂ်မှာ ရီးရဲလ်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ တကယ့်ကို ဆိုးဝါးစေပါတယ်။ ဘိုင်ယန်လည်း အတူတူပါပဲ။ ဒါက ဘောလုံးပါ။ ဘာစီလိုနာတောင် နေမာ နဲ့ မက်ဆီရှိနေချိန်မှာ ဥရောပဖလားနှစ်တိုင်းမရပါဘူး”လို့ ပလာတီနီက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီမှာတော့ အဲ့လိုမလုပ်ပြနိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ပလာတီနီက သူ့ကိုကြည့်နေရတာက တကယ်ကောင်းသလို စိတ်လှုပ်ရှားကောင်းတဲ့ကစားသမားလို့ ပြောကြားခဲ့ပါတယ်။

“သူ့ဆီမှာ ဘောလုံးရှိနေရင် အရမ်းကိုကောင်းပါတယ်။ သူဘောလုံးနဲ့ ဘာလုပ်မလဲဆိုတာကို ကြည့်နေရတာပါ။ နေမာကိုကြည့်ရတာလည်း အတူတူပါပဲ။ သူတို့အသင်းမှာ ထိပ်တန်းကစားသမား ၃ ဦးရှိနေတာပါ။ အဲ့တာက တကယ်ကောင်းပါတယ်။ ချန်ပီယံလိဂ်မှာ၂  ပွဲဆက်အရေးနိမ့်တာက တကယ့်ဆိုးဝါးလွန်းပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်က ကျချင်သလိုကျတာပါ။ အဲ့တာက ခက်ခဲပါတယ်”လို့ ပလာတီနီက ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ လက်ရှိမှာ နေမာမပါပဲ ကစားနေရပြီး မက်ဆီနဲ့ မက်ပီတို့က လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ရန်းနက်စ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

#ပလာတီနီ #ပီအက်စ်ဂျီ #မက်ပီ #နေမာ