ရှေ့သို့
Image

ပြိုင်ဘက်ဖြစ်နေတဲ့ ဇင်ချန်ကိုအား လန်ဒန်ဆိုတာ အပြာရောင်ပဲဆိုပြီး နောက်ပြောင်ခဲ့တဲ့ မာဒရစ်

10:26 AM, 26 March

ချဲလ်ဆီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ဇယားတွင်ဦးဆောင်နေသော ပြိုင်ဘက်အာဆင်နယ်ကို မနာလိုမှုများစွာနဲ့ ကြည့်နေသော်လည်း လန်ဒန်သည်အပြာရောင်ပဲဟု မာဒရစ်က ပြောဆိုလိုက်ပါတယ်။

ယူကရိန်းလက်ရွေးစင်သည် ဇန်နဝါရီတွင် အာတီတာ၏ ချန်ပီယံလူစာရင်းတွင် ပါဝင်ရန် နီးစပ်လာသော်လည်း ဂန်းနားများသည် ရှက်တာဒိုးနက် နှင့် ပြောင်းရွှေ့ကြေးကို သဘောတူရန် ပျက်ကွက်ပြီးနောက် တော့ဘိုလီရဲ့ ချဲလ်ဆီးအသင်း သည် ဥရောပ၏ အဆင့်သတ်မှတ်ခံရမှုအများဆုံး တိုက်စစ်မှူးတစ်ဦးအား ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

မာဒရစ်သည် ယခုအချိန်အထိ ခြေစွမ်းပြရန် ရုန်းကန်နေရပြီး ၎င်း၏ ပေါင် ၈၈.၅ သန်းတန်ကြေးဖြင့် ပြောင်းရွှေ့လာချိန်မှစ၍ ယခုအချိန်အထိ ၎င်းသည် ၇ ပွဲသာ ကစားရသေးပြီး ဂရေဟမ်ပေါ်တာသည် ဇန်န၀ါရီလတွင် ခေါ်ယူခဲ့သော ကလပ်၏ စျေးအကြီးဆုံး ကစားသမားများအတွက် ပုံမှန်ပွဲထွက်ခွင့်ပေးရန် ပျက်ကွက်ခဲ့ပါတယ်။ မာဒရစ်က ၎င်း၏ပတ်ဝန်းကျင်အသစ်တွင် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးခဲ့သော အာဆင်နယ်အသင်းမှ ဇင်ချန်ကို ရှိနေခြင်းအတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

"သူက ကျွန်တော့ကို အများကြီးကူညီခဲ့တယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လန်ဒန်က ဘာအရောင်လဲဆိုတာ မကြာခဏ ဟာသလုပ်တတ်ပါတယ်။ ဒါပေမယ့် သူ့ကို သဘောကျတယ်၊ သူက အရမ်းရယ်စရာကောင်းပြီး ကြင်နာတတ်တဲ့သူပါ။ ကျွန်တော်တို့ဟာ အပြုသဘောဆောင်သောနည်းလမ်းတွေနဲ့ အမြဲတမ်းအတူတကွ အချိန်ဖြုန်းကြပါတယ်"လို့ မာဒရစ်က ပြောကြားခဲ့ပါတယ်

အင်တာဗျူးသူက လန်ဒန်က ဘာအရောင်လဲလို မေးတော့ မာဒရစ်က 'အပြာ' လို လေးနက်စွာ ဖြေကြားခဲ့ပါတယ်။ လွန်ခဲ့သော ၁၆ လက ရုရှား၏ကျူးကျော်မှုအပြီး ၎င်း၏မွေးရပ်မြေတွင် စစ်ပွဲများ ဆက်လက်ဆင်နွဲနေသဖြင့် မာဒရစ် သည် ရုန်းကန်နေရသည်မှာ အနည်းငယ်မျှ အံ့ဩစရာဖြစ်နေပါတယ်။

"ကျွန်တော့်မိဘတွေက ယူကရိန်းမှာ ရှိနေတုန်းပဲ။ နေ့တိုင်းဖုန်းဆက်ပြီး မေးတာတွေက အခုအခြေအနေက ဘယ်လိုလဲ၊ ဘယ်လိုအခြေအနေရှိလဲ၊ ကျွန်တော်တိုနိုင်ငံမှာ အခုအခြေအနေနဲ့ ပတ်သက်တာတွေ အကုန်လုံးကို မေးနေတယ်။ ဗြိတိသျှလူထုရဲ့ တုံပြန်မှုက ကျွန်တော့်အတွက် ကောင်းပါတယ်၊ ယူကရိန်းမှာ လူတချို့က ကျွန်တော့်ကို မေးတဲ့အတွက်ကြောင့်ပါ။ တချို့လူတွေက အခြေအနေကို စိုးရိမ်နေကြတယ်။ ယူကရိန်းကို ကူညီပေးတဲ့ ဒီလူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်"လို့ မူဒရစ်ကဆိုပါတယ်။

မာဒရစ်နှင့် ဇင်ချန်ကို တို့ပါဝင်သောယူကရိန်းလက်ရွေးစင်အသင်းသည် ကြာသပတေးနေ့တွင် အီတလီကို ၂-၁ ဖြင့် အနိုင်ရရှိကာ ယူရို ၂၀၂၄ ခြေစစ်ပွဲကိုစတင်ခဲ့သော အင်္ဂလန်နှင့် တနင်္ဂနွေနေ့တွင် ကစားရမှာဖြစ်ပါတယ်။ ဟယ်ရီကိန်းသည် နေပယ်တွင် သွင်းယူခဲ့သော ပင်နယ်တီ သွင်းဂိုးကြောင့် အင်္ဂလန်၏ စံချိန်တင်ဂိုးသွင်းသူဖြစ်လာပြီး မူဒရစ် သည် တော့တင်ဟမ်ဂန္ထဝင်ကို အလွန်လေးစားသူဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

မူဒရစ်က ''ကစားသမားတွေရဲ့ အရည်အသွေးက အရမ်းကောင်းပါတယ်။ ဟယ်ရီကိန်းအကြောင်း နည်းနည်းသိပါတယ်၊ အင်္ဂလန်ရဲ့အချိန်တိုင်းဂိုးသွင်းအများဆုံးသူဖြစ်လာဖို သူအများကြီးအလုပ်လုပ်တာကို သဘောကျတယ်”

#ချဲလ်ဆီး #ဇင်ချန်ကို #ပရီးမီးယားလိဂ် #မူဒရစ်