ရှေ့သို့
Image

ယူရို၂၀၂၄ မှာ ချန်ပီယံမဖြစ်ခဲ့ဘူးဆိုရင် အင်္ဂလန်အတွက် ကျရှုံးမှုတစ်ခုဖြစ်လာနိုင်လို့ ဆိုလိုက်တဲ့ မက်ဂွါရီ

10:29 AM, 26 March

ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီက ယူရို ၂၀၂၄ မှာ ချန်ပီယံမဖြစ်ခဲ့လျှင် အင်္ဂလန်အသင်းနှင့် ၎င်း၏ ကစားသမားများအတွက် ကြီးမားသော ကျရှုံးမှုတစ်ခုဖြစ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်။အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းကို ခက်ခက်ခဲခဲအနိုင်ယူပြီး သူတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကို နိုင်ပွဲနဲ့ စတင်ခဲ့ပါတယ်။

ဒီကလန်ရိုက်နှင့် ဟယ်ရီကိန်းတို့က အင်္ဂလန်အသင်းအတွက်ဦးဆောင်ဂိုးများကို ပထမပိုင်းမှာပဲ သွင်းယူပေးခဲ့ကြပြီး ဒုတိယပိုင်း ၅၆ မိနစ်ရောက်မှ အီတလီအသင်းကစားသမား မက်တေယို ရီတီဂူ ကချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ် ၈၀ မိနစ်မှာ နောက်ခံလူ လုခ်ရှော အနီကတ် ပြခံခဲ့ရပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ သူတို့ရဲ့အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့ညမှာတော့ ယူကရိန်းနဲ့အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး နေပယ်မှာကစားခဲ့သလို ခံစစ်ပိုင်းကောင်းကောင်းကစားနိုင်ဖို့ မက်ဂွါရီကမျှော်လင့်နေပါတယ်။ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွါရီဟာ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နှင့် ယူရို ၂၀၂၀ ဖိုင်နယ်သို့ရောက်အောင် လုပ်နိုင်ခဲ့တဲ့ နည်းပြဆောက်ဂိတ်ရဲ့ အစီအစဉ်တွေထဲက အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ယူရို 2024 သည် လက်ရှိကစားသမားအများစုအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်သည်ဟု လူအများက ယုံကြည်ကြပြီး ယခုအချိန်တွင် မအောင်မြင်ပါက ၎င်းတို့သည် ကျရှုံးမှုများအဖြစ် သမိုင်းတွင်သွားမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော့်ရဲ့ စိတ်ဓာတ်ပါပဲ။ ကျွန်တော်တို ပထမဆုံး အရည်အချင်းပြည့်မီရမယ်၊ ဒါဟာ ခက်ခဲတဲ့ အုပ်စုတစ်ခုပါ၊ ဒါပေမယ့်  ကျွန်တော်တို့မှာ အနိုင်ရဖို့ ကစားသမားတွေရှိတယ်။ ကျွန်တော်တို့ ကာတာမှာ ပြိုင်ပွဲကိုအနိုင်ရချင်ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်မိပါတယ်။ အဲဒီတုန်းကလည်း စွမ်းဆောင်ရည်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့ ဂိုးမပေးရအောင် အများဆုံး ထိန်းထားနိုင်သလို ထိပ်တန်းဂိုးသွင်းသူတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အဖွဲတစ်ခုအနေနဲ့  တည်ဆောက်ထားပြီး နည်းပြဆောက်ဂိတ်က အဲဒါကို ဦးဆောင်ခဲ့တယ်။ သူဟာ ဒီပြိုင်ပွဲကြီးတွေမှာ အောင်မြင်ဖို နိုင်ငံတစ်နိုင်ငံအနေနဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တွေကို ပေးခဲ့တဲ့သူဖြစ်ပြီး ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိမှာ သေချာပါတယ်"လို့ မက်ဂွါရီက ပြောကြားခဲ့ပါတယ်။

မက်ဂွါရီဟာ  ပုံစံကောင်းရဖို ရုန်းကန်ခဲ့ရပြီး အခု အိုးလ်ထရက်ဖိုဒ်မှာ ခက်ခဲတဲ့ရာသီနှစ်ခုကို ကြုံတွေ့နေရပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဆောက်ဂိတ်ကတော့ သူ့ရဲ့လူကို လက်ရွေးစင်အသင်းမှာရွေးချယ်ခဲ့ပါတယ်။

မက်ဂွါရီက "အင်္ဂလန်အတွက် ကျွန်တော့်ကို ကောင်းကောင်း တန်ဖိုးထား တယ်လို့ ခံစားရတယ်။ ပြီးခဲ့တဲ့ရာသီက ကလပ်အတွက် ခက်ခဲခဲ့ပေမယ့် နောက်တန်းခံစစ်ကစားသမားများစွာနဲ့ အလုပ်လုပ်နေတဲ့ ဂါရတ်ကို ကျွန်တော် သက်သေပြခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

သူ့မှာ အင်္ဂလိပ်ဗဟိုနောက်ခံလူအားလုံးကို ရွေးချယ်ခွင့်ရှိပြီး ကျွန်တော်က အချိန်တိုင်းသူ့အတွက်အသင့် ရှိနေခဲ့ပါတယ်။ ကျွန်တော်က အသက် ၃၀ ဆိုပေမယ့် ဒီအဆင့်မှာ ကိုယ့်ကိုယ်ကို သက်သေပြဖို့ မလိုပါဘူး။ ကျွန်တော် အသင်းအတွက် ပွဲ ၅၀ ကျော် ကစားထားပြီး ကျွန်တော်ဟာ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး နောက်ခံလူပါ။ ကျွန်တော် ယူနိုက်တက်အတွက် အကြိမ် ၂၀၀ နီးပါး ကစားခဲ့ပြီး ကလပ်ကို သုံးနှစ်ကြာ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်တာကြောင့် စိစစ်မှု အခံရဆုံးဆိုတာ နားလည်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #မက်ဂွါရီ ယူရို၂၀၂၄ခြေစစ်ပွဲ