ရှေ့သို့
Image

မက်ဆီရဲ့ အနာဂတ်မရေရာမှုနဲ့အတူ လီယာအိုကို ခေါ်ယူရန် ပြင်ဆင်လာတဲ့ ပီအက်စ်ဂျီ

10:42 AM, 26 March

ပြင်သစ်လီဂူးဝမ်းအပြင် ဥရောပချန်ပီယံလိဂ်ပြိုုင်ပွဲမှာပါ အောင်မြင်မှုရယူရန် ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဘာစီလိုနာအသင်း ကနေ ခေါ်ယူထားခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့ အနာဂတ်မရေမရာ ဖြစ်နေချိန်မှာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ရာဖေးလ်လီယာအိုကို ခေါ်ယူရန် ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။

ဥရောပအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Calcio Mercato ရဲ့ ဖော်ပြချက်အရ လီဂူဝမ်းချန်ပီယံအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ကာ ၁၆သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့အပြင် ပြည်တွင်းပြိုင်ပွဲတွေမှာပါ ရလဒ်ပိုင်း ယိမ်းယိုင်လာတာကြောင့် ဖိအားအချို့နဲ့အတူ ဝေဖန်မှုခံလာရတဲ့ မက်ဆီရဲ့ အနာဂတ်မရေရာမှုကြောင့် အေစီမီလန်စတားကို ချိန်ရွယ်နေတာ ဖြစ်ပါတယ်။

လီယိုအိုအနေဖြင့် လာမယ့်ရာသီမှာ စာချူပ်သက်တမ်းကုန်မှာဖြစ်တာကြောင့် အေစီမီလန်အသင်းကလည်း ပြောင်းရွှေ့ကြေးပမာဏ လျော့ချ တောင်းဆိုဖွယ်ရှိနေပြီး ပီအက်စ်ဂျီအားကစားဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားပေးခွင့်ရထားတဲ့ လီယာအိုအနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်းမှာ အေစီမီလန်အသင်းတွက် ၃၅ပွဲကစားပြီး သွင်းဂိုး ၉ဂိုးအပြင် ဂိုးဖန်တီးမှု ၁၀ကြိမ်အထိ ပြုလုပ်ကာ ခြေစွမ်းပြသထားနိုင်တာပဲ ဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #မက်ဆီ #လီယာအို