ရှေ့သို့
Image

ရီးရဲလ်နဲ့ စာချုပ်သစ်အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မိုဒရစ်

4:03 PM, 26 March

စနေနေ့ညနေခင်းတုန်းက လူကာမိုဒရစ်တစ်ယောက် ခရိုအေးရှားအတွက် သူ့ရဲ့ ၁၆၃ ပွဲမြောက်ကို ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပါတယ်။

မိုဒရစ်ဟာ ခရိုအေးရှားအသင်း အတွက် ၂၀၀၆ ခုနှစ်ကတည်းက ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားတုန်းက အသင်းကို တတိယနေရာရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအသင်းကနေ အနားမယူခင်မှာ အသင်းကို အောင်မြင်မှုတွေ ပိုယူပေးနိုင်ဖို့ မိုဒရစ်က မျှော်လင့်နေပါတယ်။

ခရိုအေးရှားအသင်းအတွက် ဆက်ကစားပေးနိုင်ပေမယ့် သိပ်မကြာခင်မှာ အနားယူနိုင်တာဖြစ်ပါတယ်။ ရီးရဲလ်နဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။ ရိုမာနိုရဲ့အဆိုအရ မိုဒရစ်တစ်ယောက် ရီးရဲလ်နဲ့စာချုပ်သက်တမ်းတိုးချင်တယ်ဆိုရင် နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူရမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

“တိုတောင်းပြီး ရှင်းလင်းပါတယ်။ ကျွန်တော် အနားယူဖို့ မလိုအပ်ပါဘူး။ ရီးရဲလ်မှာဆက်နေချင်ပါတယ်။ အဲ့တာဖြစ်လာမယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်”လို့ မိုဒရစ်က ပြောကြားခဲ့ပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်အသင်းကို ၂၀၁၂ တုန်းက ရောက်လာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ကာ အသင်းမှာ နောက်ထပ် ၁ နှစ်လောက် ဆက်နေခွင့်ရဖို့ မျှော်လင့်နေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ခရိုအေးရှား #မိုဒရစ်