ရှေ့သို့
Image

ပါတေး ဒဏ်ရာအခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဂါနာနည်းပြ ဟောက်တန်

11:31 AM, 28 March

ဂါနာနည်းပြ ခရစ္စဟောက်တန်က ပါတေးကို အန်ဂိုလာနဲ့ပွဲမှာ မပါဝင်ခိုင်းတာက ကြိုတင်ကာကွယ်မှုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၂၉ နှစ်သားဟာ အန်ဂိုလာကို ၁-၁ သရေကျခဲ့တဲ့ပွဲကို မပါဝင်ခဲ့တာဖြစ်ပြီး အာဆင်နယ် ပရိသတ်တွေက ဂါနာသားရဲ့ကြံ့ခိုင်မှုအနေအထားကို စိုးရိမ်နေကြပါတယ်။

အာဆင်နယ်ဟာ ပါတေးအခြေအနေကို စိုးရိမ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာနည်းပြ ဆိုင်မွန်မာဖီကို အာဖရိကထံတခါတည်းလိုက်ပါစေခဲ့တာဖြစ်ပါတယ်။ ပါတေးဟာ  ပထမဆုံးပွဲပို ပါဝင်ခဲ့ပေမယ့် တနလာၤနေ့ပွဲမှာတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ နယူးကာဆယ်နည်းပြဟောင်း ဟောက်တန်က ပါတေးကို ကစားခိုင်းလို့ရပေမယ့် အန္တရာယ်မများစေချင်တာကြောင့်လို့ ပြောကြားခဲ့ပါတယ်။

“ပါတေးမှာ ဒဏ်ရာအသေးစားတွေရှိနေပါတယ်။ အဲ့တာကြောင့် သူ့ကိုမထည့်သွင်းခဲ့တာပါ”လို့ ဟောက်တန်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ စနေနေ့မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ပါတေး ပါဝင်လာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဒ့ါအပြင် နောက်ခံလူ ဆာလီဘာတစ်ယောက်တည်း နောက်ကြောပြဿနာရှိနေသလို တိုမီယာဆုကလည်း ရာသီကုန်အထိ နားရတော့မှာဖြစ်ပါတယ်။

ပါတေးဟာ ဒီရာသီအသင်းအတွက် ၂၈ ပွဲမှာ ၂၃ ပွဲ ပါဝင်ကစားပေးထားပြီး ၁၀ ပွဲ ကစားချိန်ကျန်နေချိန်မှာ အာတီတာရဲ့အသင်းက အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

#ဂါနာ #အာဆင်နယ် #ပါတေး #ပရီးမီးယားလိဂ်